အာဖဂန်တွင် ဗြိတိန်တပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများ၏ဆွေမျိုးများက လျော်ကြေးငွေတောင်းခံ

By TOLO News
12 January 2023
အာဖဂန်တွင် ဗြိတိန်တပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများ၏ဆွေမျိုးများက လျော်ကြေးငွေတောင်းခံ

 

အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်းပြည်နယ်တွင် ဗြိတိန်တပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုများက တရားမျှတမှုနှင့် လျော်ကြေးငွေများပေးရန် တောင်းဆိုနေကြသည်။

နစ်နာသူမိသားစုဝင်တစ်ဦးဖြစ်သည့် ဟာဂျီဂူးလ်အဂ္ဂါက ဗြိတိန်တပ်ဖွဲ့ဝင်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရက်အတွင်း ဆွေမျိုးများနှင့် အိမ်နီးချင်း ၄၆ ဦး သေဆုံးခဲ့ကြောင်း ပြောသည်။

"ဒီနေရာမှာ လူ ၄၆ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး သူတို့ထဲက ၃၆ ယောက်ကို ဒီမှာ မြှုပ်နှံထားပါတယ်" ဟု ဂူးလ်အဂ္ဂါက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ပထမဆုံးတောင်းဆိုချင်တာက အပြစ်ရှိသူကို ရုံးတင်စစ်ဆေးဖို့ပါ။ နောက်ပြီး ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေကို သူ့ဆီကနေ ပြန်ယူရမှာပါ" ဟု သေဆုံးသူများ၏ဆွေမျိုးတစ်ဦးဖြစ်သည့် ရှီးအဂ္ဂါက ပြောကြားခဲ့သည်။

ဗြိတိန်တပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ဦး အပါအဝင် လူ ၄၅ ဦး သေဆုံးခဲ့ကြောင်း ဟဲလ်မန်းပြည်နယ်ရှိ  ဂျီးရစ်ရှ်ခရိုင်တွင် နေထိုင်သူ အဗ္ဗဒူရာဂျစ်က ပြောသည်။

“လေယာဉ်က နောက်တစ်ကြိမ် ပြန်လှည့်လာပြီး ဒီနေရာကို တိုက်ခိုက်ခဲ့တယ်။ အဲဒီနေရာမှာ ကလေးတွေနဲ့ အမျိုးသမီးတွေ အများကြီးရှိနေခဲ့တာပါ” ဟု သေဆုံးသူများ၏ ဆွေမျိုးတစ်ဦးဖြစ်သူ အဗ္ဗဒူဝါဂျစ်က ပြောသည်။

လွန်ခဲ့သည့် ၁၅ နှစ်က ဗြိတိန်တပ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများကို ဂျီးရစ်ရှ်ခရိုင်ရှိ သင်္ချိုင်းတစ်ခုတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်။

ဟဲလ်မန်းပြည်နယ်ရှိ ဒေသဆိုင်ရာအာဏာပိုင်များက ပြည်နယ်အတွင်း ဗြိတိန်တပ်ဖွဲ့များ ကျူးလွန်ခဲ့သည့် လုပ်ရပ်များကို စုံစမ်းစစ်ဆေးပေးရန် နိုင်ငံတကာတရားရုံးများကို တောင်းဆိုခဲ့သည်။

စစ်ဆေးပေးမယ့်အဖွဲ့ရှိရင် ဒီအဖြစ်အပျက်တွေကို အပြည့်အဝ စုံစမ်းစစ်ဆေးစေချင်ပါတယ်”ဟု ဟဲလ်မန်းပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ကာစင် ရီရက်ဇ်က ပြောကြားခဲ့သည်။

ဟဲလ်မန်းနှင့် ဥရုဇ်ဂန်ပြည်နယ်များရှိ ပဋိပက္ခများအတွင်း သေဆုံးခဲ့ရသူများ၏ ဆွေမျိုးအချို့ကလည်း တရားမျှတမှုအတွက် အစောပိုင်းက တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly