တိဗက်တွင် တရုတ်ရေကာတာကြီးများ တရားမဝင်တည်ဆောက်ခြင်းက တောင်အာရှ၏ရေဖူလုံမှုကို အန္တရာယ်ဖြစ်စေနိုင်

By Tibet Right Collective
12 January 2023
တိဗက်တွင် တရုတ်ရေကာတာကြီးများ တရားမဝင်တည်ဆောက်ခြင်းက တောင်အာရှ၏ရေဖူလုံမှုကို အန္တရာယ်ဖြစ်စေနိုင်

တိဗက်ဗဟိုအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပန်ပါဆာရင်သည် တိက်လူမျိုးရေးရာဗဟိုအဖွဲ့(အိန္ဒိယ) အရှေ့ပိုင်းဒေသ-၃ ဆိုင်ရာ စည်းရုံးရေးမှူး ရူဘီမူခါဂျီးကြီးမှူးသော အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ရှိ ယဉ်ကျေးမှုစင်တာ (EZCC) ၌ ကျင်းပသည့် ၁ ရက်တာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

နှီးနှောဖလှယ်ပွဲ တိဗက်တွင် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ တိဗက်သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု (သစ်တောပြုန်းတီးမှု၊ တရားမင် သတ္တုတူးဖော်မှု၊ ရေကာတာတည်ဆောက်မှု- ရေရပိုင်ခွင့်ကို ချိုးဖောက်ခြင်း)၊ ဒလိုင်းလားမားအား ဘာရတ် ရတနာဆု ချီးမြှင့်ခြင်း၊ အိန္ဒိယနှင့်တရုတ်နယ်စပ်မျဉ်း မှန်ကန်မှုနှင့် ကိုင်လက်ရှ်မန်ဆိုရိုဗာဒေသ လွတ်လပ်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည်။

ရက်တာ နှီးနှောဖလှယ်ပွဲကို ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်ခဲ့ပြီး တိဗက်ခေါင်းဆောင်အား ဘင်္ဂါလီရိုးရာအကဖြင့် ကြိုဆိုဖျော်ဖြေခဲ့သည်။ ရူဘီမူခါဂျီးက အဖွင့်အမှာစကား ပြောကြားပြီးနောက် အထူးဧည့်သည်တော်နှင့် အခြားဂုဏ်သရေရှိ ဧည့်သည်တော်များအား တိဗက်ရိုးရာပဝါများကို ပေးအပ်ခဲ့သည်။

အထူးဧည့်သည်တော် အဝေးရောက်တိဗက်အစိုးရဥက္ကဋ္ဌ ပန်ပါဆာရင်က မိန့်ခွန်းပြောကြားရာ တိဗက်နှင့် အိန္ဒိယတို့အကြား ၇ ရာစုက သမိုင်းဝင်ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးအကြောင်း အဓိကထား ပြောကြားခဲ့သည်။ ပန်ပါဆာရင်က တိဗက်အား ရှေးခေတ်အိန္ဒိယ ရိုးရာအစဉ်လာများကို ထိန်းသိမ်းထားရာနေရာအဖြစ် အလေးပေးပြောကြားခဲ့ပြီး ဒေဝနာဂရီစာရေးစနစ်မှ တိဗက်အက္ခရာများ ဆင်းသက်လာမှုနှင့် အိန္ဒိယမှ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့မှုတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် တိက်လူငယ်များကို ၎င်းတို့၏ ဓလေ့ထုံးတမ်းများနှင့် ဝေးကွာစေရန် ကိုလိုနီပုံစံ ဘော်ဒါဆောင်ကျောင်းများ တည်ထောင်ခြင်း၊ တိဗက်လူမျိုးများကို ခွဲခြားကန့်သတ်ရန် အပိုင်းလိုက်ကန့်သတ်သည့်အုပ်ချုပ်သည့်စနစ် အကောင်အထည်ဖော်ခြင်း၊ DNA နမူနာများ စုဆောင်းခြင်း၊ တိဗက်ရှိ အတိုက်အခံများကို စောင့်ကြည့်ရန် မျက်လုံးစကင်န်ဖတ်ခြင်းနှင့် အခြားသော ပြဿနာများ အပါအဝင် တိဗက်လူမျိုးများ၏ လူ့အခွင့်အရေးနှင့် ယဉ်ကျေးမှုများအပေါ် တရုတ်နိုင်ငံ၏ ဖိနှိပ်မှုအချက်အလက်များကို စုဆောင်းနေကြောင်း အသိပေးခဲ့သည်။

ထို့ပြင် တိဗက်ကလေးများ၏ ၈၀ ရာခိုင်နှုန်းနီးပါးသည် ကိုလိုနီခေတ်ပုံစံဘော်ဒါဆောင်ကျောင်းများတွင် တိဗက်ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို မသင်ကြားရဘဲ တရုတ်ကျင့်ဝတ်များကိုသာ သင်ကြားရသည်။ တိဗက်၏ကိုယ်ပိုင်လက္ခဏာကို အမြစ်ဖြတ်ရန်နှင့် တရုတ်ဇာတ်သွင်းရန် ရည်ရွယ်ပြီး တိဗက်လူမျိုးများအား ငြိမ်းချမ်းစွာဆန္ဒပြမှုအဖြစ် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေစေသည့် တရုတ်၏ ဟန်လူမျိုးတစ်ခုတည်းအဖြစ် ပေါင်းစည်းမည့် ပြင်းထန်သော မူဝါဒကိုလည်း ဝေဖန်ကြောင်း ပန်ပါဆာရင်က ပြောကြားခဲ့သည်။

အာသံပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်၏ ရေဖူလုံရေးကို ခြိမ်းခြောက်ကာ  မြစ်ကြောင်းတစ်လျှောက် သဘာဝဘေး အန္တရာယ်များပင် ဖြစ်စေနိုင်သည့် တိဗက်ရှိ ယာလောင်ဆန်ပို (ဗြဟ္မပုတ္တရ) မြစ်အပေါ် တရုတ်၏ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုအကြောင်းလည်း ပန်ပါဆာရင်သည် သတိပေးခဲ့သည်။ မြစ်အထက်ပိုင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် တိဗက်မှ ဗြဟ္မပုတ္တရမြစ်အတွင်းသို့  ရွှံ့ရေများ စီးဆင်းလာသည်ကို ၂၀၁၈ ခုနှစ်က ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly