အဝေးရောက်ဟောင်ကောင်ပြည်သူများက လွတ်မြောက်ရေးအတွက် တိုက်ပွဲဆက်ဝင်သွားမည်ဟု ကတိပြု

By RFA
12 January 2023
အဝေးရောက်ဟောင်ကောင်ပြည်သူများက လွတ်မြောက်ရေးအတွက် တိုက်ပွဲဆက်ဝင်သွားမည်ဟု ကတိပြု

 

ပြင်းထန်သော နိုင်ငံတော်လုံခြုံရေးဥပဒေဖြင့် အတိုက်အခံများကို ဆက်လက်ဖိနှိပ်နေသော်လည်း ၂၀၂၃ ခုနှစ်၌ ဟောင်ကောင်တွင် လွတ်လပ်ခွင့်များပြန်လည်ရရှိရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဝေး ရောက်ဟောင်ကောင်သားများက ပြောကြားလိုက်သည်။

ဟောင်ကောင်ရဲ့ တန်ဖိုးအရှိဆုံးအရာတွေဟာ လွတ်လပ်မှုနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်ပြီး တရုတ်ပုံစံဥပဒေ တွေကြောင့် ဟောင်ကောင် ပြောင်းလဲသွားရတဲ့ သတင်းတွေမြင်ရတိုင်း ကြေကွဲမိပါတယ်။ ခုတော့ အဲဒါတွေအားလုံး ဆုံးရှုံးသွားပါပြီ။ " ဟု ၂၀၁၉ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဖူတုံ (အမည်လွှဲ) က RFA သို့ ပြောသည်။

"အဝေးကနေ ဟောင်ကောင်ကို ကြည့်နေရပေမယ့် ကျွန်မရဲ့ မွေးရပ်မြေက နေ့စဉ်နဲ့ အမျှ ပြိုလဲပျက်စီးနေတော့ အရင်ဟောင်ကောင်နဲ့ တူသေးရဲ့လားလို့ မတွေးဘဲ မနေနိုင်ပါဘူး။ ဒါက ဝမ်းနည်းဖို့ သိပ်ကောင်းပါတယ်" ဟု ၎င်းက ဆိုသည်။

ဖူတုံကဲ့သို့ပင် နိုင်ငံရပ်ခြားတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတိုင်းက ခံစားနေရပြီး အချို့မှာ ဗြိတိန်နှင့် သြစ တြေးလျ၏ လုံခြုံဘေးကင်းစွာခိုလှုံနိုင်ရေးဗီဇာမူဝါဒများကြောင့် အကျိုးခံစားခွင့်ရသလို အချို့မှာ အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံထားပြီး တစ်ခါတစ်ရံ ယင်းနေရာသို့ရောက်ရှိရန် အန္တရာယ်များကို သတ္တိရှိရှိ ရင်ဆိုင်ရသည်။

ပြည်ပရောက်နေသော ဟောင်ကောင်သား အများအပြားက ၎င်းတို့ကဲ့သို့ စိတ်တူကိုယ်တူလူများရှိသေးသည် ဟူသောအချက်ဖြင့် အားတင်းနေကြရသည်။

သြစတြေးလျတွင် လက်ရှိနေထိုင်နေသည့် ဒီမိုကရက်တစ်ပါတီအမတ်ဟောင်း တက်ဟွေက သားသမီးများက ဟောင်ကောင်ကို မိသားစုလိုက် ပြန်လို့မရတော့ဘူးလားဟု မေးသည့်အခါတိုင်း နာကျင်ရကြောင်း ပြောကြားသည်။

ဟောင်ကောင်၏ လွတ်လပ်ခွင့်များဆုတ်ယုတ်လာမှုကို ကန့်ကွက်ရန်နှင့် ဒီမိုကရေစီအပြည့်အဝရှိသော ရွေး ကောက်ပွဲများကို တောင်းဆိုရန် လမ်းမပေါ်ထွက်ခဲ့ကြသည့် ၂၀၁၉ ခုနှစ်က သန်းနှင့်ချီသော ဆန္ဒပြသူများ၏ ရဲရင့်မှုစိတ်ခွန်အားကို ရယူနေရသည်ဟု ဟွေက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly