တရုတ်၏ ကိုဗစ်ကူးစက်မှုမြင့်တက်ခြင်းကြောင့် ကုန်ပစ္စည်းထုတ်လုပ်မှု ထိခိုက်နိုင်သည့်အပေါ် ဩစတြေးလျ ပြင်ဆင်ထား

တရုတ်၏ ကိုဗစ်ကူးစက်မှုမြင့်တက်ခြင်းကြောင့် ကုန်ပစ္စည်းထုတ်လုပ်မှု ထိခိုက်နိုင်သည့်အပေါ် ဩစတြေးလျ ပြင်ဆင်ထား

တရုတ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိ ရေး လုပ်ငန်းစဉ်အပေါ် သက်ရောက်မှုကြီးမားမည်ကို ကြိုတင်မျှော်လင့်ထားကာ သြစတြေးလျက  အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး ဂျင်ချယ်လ်မာက ပြောသည်။

"တရုတ်လုပ်သားထုနဲ့ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်အပေါ် ကြီးမားတဲ့ဖိအားတွေ ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်" ဟု ၎င်းက သြစတြေးလျရုပ်သံလွှင့်ကော်ပိုရေးရှင်းနှင့် ဇန်နဝါရီလ ၄ ရက်က တွေ့ဆုံမေးမြန်းခန်းတွင် ဂျင်က ပြောကြားခဲ့သည်။

"အကျိုးဆက်အနေနဲ့ အဲဒါက ကမ္ဘာစီးပွားရေးအထိ ထိခိုက်သွားနိုင်ပြီး ကျွန်တော်တို့ တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး

တရုတ်တွင် တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စွန့်လွှတ်ပြီးနောက် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို မြင့်တက်လာခဲ့ပြီး ကူးစက်မှုများလာခဲ့ခြင်းကြောင့် အမေရိကန်မှ သြစတြေးလျအထိ နိုင်ငံများစွာသည် တရုတ်ခရီးသွားများကို ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

သြစတြေးလျ၏ အကြီးဆုံးကုန်သွယ်ဖက်မှာ တရုတ်ဖြစ်သလို ဩစတြေးလျသည် ကမ္ဘာတွင် တရုတ်နှင့် ထိတွေ့ ဆက်ဆံမှုအများဆုံး ဖွံ့ဖြိုးပြီးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

"ဒီတစ်ခေါက် ကိုဗစ်လှိုင်းဒဏ်ခံရတဲ့ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်နဲ့ အဖြစ်အပျက်တွေကို အနီးကပ် စောင့်ကြည့်နေပါတယ်" ဟု ဂျင်ချယ်လ်မာက ပြောကြားခဲ့သည်။

တရုတ်၏ ကိုဗစ်-၁၉ လှိုင်းသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးအတွက် တစ်ခုတည်းသော အန္တရာယ်မဟုတ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်သည် ခက်ခဲသော နှစ်တစ်နှစ်ဖြစ်လိမ့်မည်ဖြစ်ကြောင်း ဂျင်က ထင်မြင်ချက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly