ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ MYTEL တာဝါတိုင်ကို ရေးဘီလူးအဖွဲ့ မီးရှို့ဖျက်ဆီး

By ကိုရွှေမြိတ် (မဲဆောက်)
11 January 2023
ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ MYTEL တာဝါတိုင်ကို ရေးဘီလူးအဖွဲ့ မီးရှို့ဖျက်ဆီး

မဲဆောက်(မဇ္ဈိမ)။   ။မွန်ပြည်နယ်၊ ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ စစ်ကောင်စီထောက်တိုင်တစ်ခု ဖြစ်သည့် Mytel တာဝါတိုင်ကို ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ရေးဘီလူးအဖွဲ့က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ရေးဘီလူးအဖွဲ့ထိန်းချုပ်ထားသည့်နယ်မြေအတွင်း Mytel တာဝါတိုင်အပြင် စစ်ကောင်စီ၏ပညာရေးစနစ် ကိုပါ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရေးဘီလူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေးဘီလူးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက“စစ်ကောင်စီယန္တရားလည်ပတ်မှုကို ကျွန်တော်တို့ပြုလုပ်ခွင့်မပေး ဘူး။ ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာ ကိုယ်ထူကိုယ်ထမျိုးလေးတွေ လုပ်ရင်တော့ပေးမှာပါ”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏အုပ်ချုပ်မှုကိုမကြိုက်၍ ပညာရေးစနစ်ကိုပါ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly