သမ္မတရှီကျင့်ဖျင်၏ ရင်းနှီးသောမဟာမိတ် လီချန်း တရုတ်အစိုးရဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ

By Nikkei Asia
12 January 2023
သမ္မတရှီကျင့်ဖျင်၏ ရင်းနှီးသောမဟာမိတ် လီချန်း တရုတ်အစိုးရဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ

တရုတ်ကွန်မြူနစ်ပါတီ၏ ဒုတိယသြဇာအကြီးဆုံး ပုဂ္ဂိုလ်နှင့် သမ္မတရှီကျင့်ဖျင်၏ ရင်းနှီးသောမဟာမိတ် လီချန်းသည် အတွေ့အကြုံရရန်  ဒုဝန်ကြီးချုပ်အဖြစ်   တာဝန်ထမ်းဆောင်ရခြင်းမရှိဘဲ မတ်လတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ် ခံရဖွယ်ရှိနေသည်။

နိုင်ငံတော်ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ဒီဇင်ဘာ ၃၀ ရက်က အဆုံးသတ်ခဲ့သည့် အစည်းအဝေးတွင် လီအား ဒုဝန်ကြီးချုပ်အဖြစ် အမည်မတင်သွင်းခဲ့ပေ။

လီနှင့် ရှီ၏ ဆက်ဆံရေးသည် ကျီကျန်းပြည်နယ်၏ စတင်ခဲ့ပြီး ထိုအချိန်က လီသည် ရှီ၏ အတွင်းရေးမှူးအဖြစ် ပံ့ပိုးပေးခဲ့သည်။

ရှန်ဟိုင်းကွန်မြူနစ်ပါတီအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် လီသည် အောက်တိုဘာလတွင် ပါတီ၏ ထိပ်တန်း ဆုံးဖြတ်ချက်ချသည့်အဖွဲ့ဖြစ်သည့် ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီတွင် ရွေးချယ်ခံခဲ့ရသည်။

ယခုအချိန်အထိ ပထမဆုံးဝန်ကြီးချုပ် ချူအင်လိုင်းမှလွဲ၍ ဝန်ကြီးချုပ်တိုင်းသည် ဒုဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ရသည်။

ဝန်ကြီးချုပ်သည် စီးပွားရေးမူဝါဒ၊ လူမှုဖူလုံရေးအစီအစဉ်များနှင့် ဘဏ္ဍာရေးမူဝါဒများအပေါ်တွင် ကျယ်ပြန့် သော အခွင့်အာဏာရှိပြီး အစိုးရအဖွဲ့ဝင်အဆင့်ဝန်ကြီးဌာနများနှင့် ကော်မရှင်အဖွဲ့ခွဲ ၂၆ ခုအား ကြီးကြပ်ရပြီး နေ့ချင်းညချင်း လေ့လာ၍မရနိုင်သော လုပ်ငန်းများဖြစ်သည်။

ကျန်ဇီမင်းလက်ထက်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကျူရုံကျိသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲရန် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သည်။

သို့သော် ကျူရုံကျိသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အရင်ဆုံး ဒု-ဝန်ကြီးချုပ်အဖြစ် ၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ လက်ရှိဝန်ကြီးချုပ် လီခဲ့ချန်သည် ဒုဝန်ကြီးချုပ်အဖြစ် ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မူလက လီချန်းကိုလည်း ဒုဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် ရှီတွင် အစီအစဉ်ရှိခဲ့ပုံရသည်။

သို့သော် ဧပြီလက ရှန်ဟိုင်းပိတ်ဆို့ကန့်သတ်မှုကြောင့် လီသည် ပြင်းထန်စွာ ဝေဖန်ခံရပြီးနောက် ရှီက ၎င်း၏ မဟာမိတ်အား ပါတီ၏ထိပ်တန်းအဆင့်သို့ ဦးစားပေးနေရာပေးလိုက်ပုံပေါ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly