နီပေါ ပိုခ်ခါရာလေဆိပ်သစ်က တရုတ်၏ BRI စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုလား 

By Kathmandu post
12 January 2023
နီပေါ ပိုခ်ခါရာလေဆိပ်သစ်က တရုတ်၏ BRI စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုလား 

နီပေါနိုင်ငံအနေဖြင့် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ခေါင်းစဉ်အောက်တွင် မည်သည့်စီမံကိန်းကိုမျှ လက်မှတ် မထိုးရသေးကြောင် ကြေညာထားပြီးအဆိုပါ စီမံကိန်း အကောင်အထည်ဖော်ရေးစာချုပ်များကို အပြီးသတ်ချုပ်ဆိုရန်  ပြင်ဆင်  နေချိန်တွင် ခတ္တမန္ဒူမြို့ရှိ တရုတ်သံရုံးက ဒီဇင်ဘာ ၃၁ ရက်က   ကြေညာချက်တစ်စောင်ကို  ထုတ်ပြန်လိုက်သည်။

ပိုခ်ခါရာအပြည်ပြည်ဆိုင်ရာလေဆိပ်အား  ဝန်ကြီးချုပ်ပူရှ်ပါကာမယ်လ်ဒါဟယ်လ်  ဖွင့်လှစ်မပေးမီ ၁ ရက်အလိုတွင် တရုတ်သံရုံးက ပိုခ်ခါရာလေဆိပ်သည် တရုတ်-နီပေါ BRI ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရစီမံကိန်းဖြစ်သည်” ဟု Twitter အကောင့်တွင် ရေးသားခဲ့သည်။

လေဆိပ်ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၁၁ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး နီပေါအစိုးရနှင့် ပြည်သူများ၏ ဆက်သွယ်ရေးတွင် အထင်ကရဖြစ်စေမှုအတွက် တရုတ်သံရုံးကလည်း ဂုဏ်ပြုခဲ့သည်။

နီပေါနှင့် တရုတ်တို့က BRI ဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး နောက်တွင် နီပေါက တရုတ်သမ္မတရှီကျင့်ဖျင်၏ အထင်ကရ ဆက်သွယ်ရေးအစီအစဉ်အောက်မှ စီမံကိန်း ၃၅ ခုကို ကနဦးအဖြစ် ရွေးချယ်ခဲ့သည်။

နောက်ပိုင်းတွင် တရုတ်၏ တောင်းဆိုချက်အရ စီမံကိန်း စုစုပေါင်း ၉ ခုအထိ လျှော့ချခဲ့ပြီး ပိုခ်ခါရာ လေဆိပ်လည်း မပါဝင်တော့ပေ။

အစိုးရက ပိုခ်ခါရာမြို့တွင် လေဆိပ်သစ်တည်ဆောက်ရန် ၂၀၁၆ ခုနှစ် မတ်လတွင် တရုတ်နှင့် အတိုးနည်းချေးငွေ ဒေါ်လာ ၂၁၅ ဒသမ ၉၆ သန်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

နီပေါမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့နှင့် China EXIM Bank တို့အကြား ချေးငွေသဘောတူညီချက်တွင် BRI ကို ဖော်ပြထားခြင်းမရှိပေ။

ချေးငွေကိုသဘောတူခြင်းမပြုမီ ၂ နှစ်အလို ၂၀၁၄ ခုနှစ် မေလက  တရုတ် CAMC Engineering ကုမ္ပဏီက လေဆိပ်တည်ဆောက်ခွင့်ရခဲ့ပြီး ထိုအချိန်က BRI သည် အစပျိုးအဆင့်တွင်သာ ရှိသေးသည်။

"ပိုခ်ခါရာလေဆိပ်က အရင်ကတည်းက အစီစဉ်ဆွဲခဲ့တာဖြစ်ပြီး တရုတ်နဲ့ အသေးစိတ်ဆွေးနွေးမှုတွေအရ BRI မူဘောင်အောက်က စီမံကိန်းမဟုတ်ပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ ချေးငွေ ဒါမှမဟုတ် ထောက်ပံ့ကြေးပုံစံနဲ့ တရုတ်က အမျိုးမျိုး အကူအညီပေးနေတာပါ။ တရုတ်က ဆောင်ရွက်နေတဲ့ ဒါမှမဟုတ် ပြီးသွားတဲ့ စီမံကိန်းမှန်သမျှကို BRI စီမံကိန်းအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုရင် ဒီအထူးစီမံကိန်းက BRI မူဘောင်အောက်မှာ မကျရောက်ပါဘူး။ ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly