တရုတ်အတွက် ကုန်သွယ်မှုလျှို့ဝှက်ချက်များ ခိုးယူသော နယူးယောက်မြို့သားတစ်ဦး  ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

By Reuters
11 January 2023
တရုတ်အတွက် ကုန်သွယ်မှုလျှို့ဝှက်ချက်များ ခိုးယူသော နယူးယောက်မြို့သားတစ်ဦး  ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

တရုတ်နိုင်ငံအကျိုးအတွက် General Electric Co (GE.N) ၏ ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူရန် ပူး ပေါင်းပါဝင်မှုဖြင့် နယူးယောက်မြို့သားတစ်ဦးကို ဇန်နဝါရီလ ၃ ရက်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ပြောသည်။

နယူးယောက်ပြည်နယ် နစ်ကာယူနာမြို့မှ အသက် ၅၉ နှစ်အရွယ် ရှောင်ချင်ကျန်းသည် ၂၀၂၂ ခုနှစ် မတ်လတွင် အဆုံးသတ်ခဲ့သည့် ၄ ပတ်ကြာမြင့်ခဲ့သော ကြားနာမှုအပြီး စီးပွားရေးသူလျှိုလုပ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အမေရိကန်ခရိုင်တရားသူကြီး မာဒီအင်ဂိုစတီနိုက ရှောင်ချင်ကျန်းကို ဒဏ်ငွေ ဒေါ်လာ ၇ ၅၀ဝ ချမှတ်ကာ စောင့်ကြည့်ကာလ ၁ နှစ်ဖြင့်  လွှတ်ပေးခဲ့သည်။

ရှောင်ချင်ကျန်းသည်  နယူးယောက်ပြည်နယ်၊ ဆန်နက်တာဒီခရိုင်ရှိ GE Power တွင် တာဘိုင်လုံအောင်ပြုလုပ်သည့် နည်းပညာအထူးပြု အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ရှောင်ချင်ကျန်းသည်  ၂၀ဝ၈ ခုနှစ်မှ ၂၀၁၈ ခုနှစ် နွေရာသီအထိ GE တွင် အလုပ်လုပ်ခဲ့ကြောင်း တရားရေးဌာနက ပြောသည်။

ရုံးတင်စစ်ဆေးမှုသက်သေများအရ ကျန်းနှင့် တရုတ်နိုင်ငံသားများသည် တရုတ်အခြေစိုက်ကုမ္ပဏီများနှင့် တာဘိုင်အစိတ်အပိုင်းများကို သုတေသပြုလုပ်ကာထုတ်လုပ်သည့် တက္ကသိုလ်များအပါအဝင် တရုတ်အကျိုးစီးပွားအတွက် မြေပြင်နှင့် လေကြောင်းအခြေစိုက် တာဘိုင်နည်းပညာများဆိုင်ရာ GE ၏ ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူရန် ပူးပေါင်းကြံစည်ခဲ့ကြောင်း တရားရေးဌာနက ပြောကြားခဲ့သည်။

GE အင်ဂျင်နီယာဟောင်းနှင့် ကျောက်ရှီကျန်းအမည်ရှိ အခြားတရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် တရုတ်အစိုးရအား အကူအညီပေးရန် လျှို့ ဝှက်ချက်များခိုးယူကာ GE တွင် သူလျှိုလုပ်ခဲ့ကြောင်း ၂၀၁၉ ခုနှစ်တွင် စွပ်စွဲခံရသည်။

အမေရိကန်ပြည်ထောင်စုတရားရုံးသည် အမေရိကန်လေကြောင်းနှင့်အာကာသယာဉ်ကုမ္ပဏီများထံမှ ကုန်သွယ်မှုလျှို့ဝှက်ချက်များခိုးယူရန်ကျူးလွန်မှုဖြင့် စင်စင်နာတီမြို့ရှိ တရုတ်အမျိုးသားတစ်ဦးကိုလည်း နိုဝင်ဘာလတွင် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly