နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၀ ဇန်နဝါရီ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၀ ဇန်နဝါရီ၂၀၂၃ ) 

ဇန်နဝါရီလ ၁၀ ရက်

 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • လေလှိုင်းအစိုးရ မဖြစ် ရေး နိုင်ငံရေး၊ စစ် ရေး လက် တွေ့ရလဒ် များဖြင့် ပြည်သူကိုစည်းရုံးရန် NUG ယာယီသမ္မတကြီး ဒူဝါလရှီးလက ယနေ့ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်း ထောက် လှမ်းရေးဦးစီးဌာနက သင်ကြားပိုချသည့်  မဟာဗျူဟာမြောက် ပစ်မှတ်ထောက်လှမ်းရေး သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၉ ရက်မှာ ပြုလုပ်ခဲ့သည်။ 

  • အမျိုသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့နှင့် လွတ်လပ်သော သတင်းမီဒီယာများကွန်ရက် (IRMN) တို့ပူးပေါင်းထုတ်ဝေသည့် နွေဦးစစ်သည် တော်တို့ အတွက် စစ်မှုရေးရာစာစောင် အမှတ်(၂) ထွက်ရှိပြီဖြစ်ကြောင်း သိရသည်။ 

  • ပြည်သူ့ရဲလုပ်ငန်း နှင့် ပြည်သူ့လုံခြုံရေး လုပ်ငန်းဝင် သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ အထူး အုပ်ချုပ် ရေးဒေသအတွင်းရှိ ခန့်အပ်ပြီး CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေ (ပြည်သူ့ရဲတပ်ဖွဲ့ဝင် အဖြစ်လျှောက်ထားသူများ)ကို မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်း များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ပြည်သူ့ရဲလုပ်ငန်းနဲ့ ပြည်သူ့လုံခြုံရေးလုပ်ငန်း ဝင်သင်တန်း ကို ဇန်နဝါရီ ၉ ရက်တွင် စတင်ဖွင့် လှစ်ခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်တဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြဖို့အတွက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက် ညပိုင်းမှာ ကြေညာချက်တစ်စောင်ထုတ်ပြန်သည်။ 

တော်လှန်ရေးလှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း ဟုမ္မလင်းတွင် ၃ ရက်ဆက်တိုက် တိုက် ပွဲများ ဖြစ်ပွားပြီး စစ် တပ် ဘက်မှ ၈ ဦးထက်မနည်း သေဆုံးကာ အ လောင်း များနှင့် လက်နက် ခဲယမ်း များ သိမ်းဆည်းရမိကြောင်း ဟုမ္မလင်း မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ HPDF124 တပ်ရင်းမှ သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အနောက်ခြမ်းရှိ သီးလုံးကျေးရွာမှ ပြည်သူ့သတင်းပေးလုပ်နေသော ပျူ စောထီးမိသားစုဝင် (၈) ဦးကို ကယ်ထုတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီးနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Snake Eyes –LPDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီမှ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအတွက် သန်းခေါင် စာရင်း များ တစ်အိမ်တက်ဆင်း ကောက်ခံရန် စီစဉ်နေသည့်အပေါ် ပြည်သူလူထုအား ပူးပေါင်းဆောင်ရွက် ခြင်းမပြုရန် PDF Lion Ingar Budalin က ဇန်နဝါရီလ ၉ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • တမူးမြို့နယ် ခမ်းပတ်နယ်တွင် ယနေ့ဖြစ်ပွားသော တိုက်ပွဲအတွင်း ပျူစောထီးနှစ်ယောက်သေဆုံးပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဝင်များကို ပျူစောထီးအဖွဲ့က လိုက်လံဖမ်းဆီး သတ်ဖြတ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များကပြောသည်။ 

  • တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင် စစ်မှုထမ်းဟောင်း ပျူစောထီး အဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း လောင်းလုံးမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မဲချောင်းကျေးရွာအနီးရှိ ၈ မိုင်လမ်းဆုံဂိတ် တွင် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က စစ်သားအချင်းချင်း စကားများရန်ဖြစ် ပြီး ပစ်ခတ်ကြရာ စစ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိသွား ကြောင်း Dawei Information Center သတင်းစာမျက်နှာတွင်ဖော်ပြထားသည်။ 

  •  တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာနှင့် ၀ကုန်းရွာ အကြားရှိ ဘဲ့မတ်တက်တောင်အနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုကြောင့် ထားဝယ် ဥဩစစ်ကြောင်း၏ စစ်ကြောင်းမှူး တစ်ဦး ကျည်ထိမှန် ကျဆုံးခဲ့ကြောင်း DGRF အဖွဲ့က ထုတ်ပြန်ထားသည်။ 

  • မြစ်ကြီးနားရှိ အထက်တန်းကျောင်းတစ်ခုတွင် ပင်လုံစာချုပ်အရ ဖြစ်ပေါ်လာသည့် ၇၅ နှစ်ပြည့် ကချင်ပြည် ထောင်နေ့ကို ဂုဏ်ပြုသည့်အနေနှင့် လုံခြုံရေးတင်းကျပ်စွာချထားသည့်ကြားမှ ကချင်ပြည် အမျိုးသား အလံ လွှင့် ထူခြင်းကို ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး ကချင်ပြည်၏ အိပ်မက် ဖြစ်သော ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ( Self - Determination) ခေါင်းစဉ်ဖြင့် "Self Determination" 75 Anniversary of Kachin State Day စာတန်းကို ကချင်ပြည်အမျိုးသားအလံ အောက်တွင် ချိတ်ဆွဲသည့် လှုပ်ရှားမှုကို KSCM သပိတ်ကော်မတီမှ ပြုလုပ်ခဲ့သည်။ 

  • ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက်ဖြစ်သည့် ကိုဇော်မိုးထက်ကို စစ်ကောင်စီတပ် က မန္တလေးမြို့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာတွင် ဇန်နဝါရီလ ၆ ရက်နေ့က သီတဂူဗုဒ္ဓတက္ကသိုလ် နာယကဆရာတော် ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပက်သက်ပြီး ဒေသကာကွယ်ရေးတပ်(PDF)များမှ ပစ်ခတ် သည်ဟု သတင်းများဖြန့်ဝေမှုရှိသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာမှာ တပ်စွဲပြီး ပြည်သူ့နေအိမ်တွေကို ဖျက်ဆီး၊ ဓားပြတိုက်၊ မီးရှို့ဖျက်ဆီးမှုတွေကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်ကို FALCON WINGS Drone အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) တို့ ပူးပေါင်းပြီး ဝေဟင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

  • ရှမ်းပြည်နယ်တောင်းပိုင်း၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းအုပ်စုကျေးရွာအတွင်း၌ ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏တိုက်လေယာဥ် ပျံဝဲနေသည့်အတွက် ကျောင်းတက်နေ သော ကျောင်းသူကျောင်းသားများ ထွက်ပြေးပုန်းခိုခဲ့ရသည်ဟု သိရသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် အချိန်အကန့်အသတ်ဖြင့်သာ ကျောက်မိုင်းခွဲကြရန် ကျောက်စိမ်း တူးဖော်နေသည့် လုပ်ငန်းရှင်များထံ KIA တပ်မ ဟာ (၉) လက်အောက်ခံ အမှတ် (၆) တပ်ရင်းမှ သတိပေးစာ ထုတ်ပြန်ပေးပို့သည်။ 

  • ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) စက်ချုပ်ဌာနဦးဆောင်မှုဖြင့် အမေရိကန်တွင် နေထိုင်သည့် ချင်းအမျိုးသားတစ်ဦးမှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များအတွက် ယူနီဖောင်းဝတ်စုံများချုပ်လုပ်ရန် အခြေခံစက်ချုပ်သင်တန်း လာရောက်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ 

  • ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ကောင်စီက ပုံစံအသစ်ဖြင့် ပြောင်းလဲသွားရန်ရှိပြီး အခြေအနေမရေရာဖြစ်မှာကို စစ်ကောင်စီတပ်ထိပ်ပိုင်းအရာရှိအချို့တွင် စိုးရိမ်မှု များဖြစ် နေသည်ဟု နေပြည်တော်ရှိသတင်းရပ်ကွက်များက မဇ္ဈိမကိုပြောသည်။ 

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ ပြည်ပအမှာ နည်းခဲ့လို့ သတ္တုတွင်းထွက်တင်ပို့မှုကဏ္ဍမှဝင်ငွေ ဒေါ်လာသန်းရာချီလျော့ကျနေကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။ 

  • လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန် လိုအပ် နေပြီဖြစ်ကြောင်း အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ 

  • တရုတ်နှင့် ထိုင်းနယ်စပ် ကုန်သွယ်မှုများကနေ ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းလာမှု တန်ချိန် ပေါင်း ၁၄၀ကျော်ကို တင်သွင်းခဲ့ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။  

  • အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးရာတွင် မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရိုးရှင်းလွယ်ကူသော Closed List PR စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ တရားမဝင်ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။ 

  • ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်နိုင်ရေးနှင့် ဖြန့်ဖြူး အသုံးပြုနိုင်ရေး စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး တို့ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ဇန်နဝါရီ ၁၀ ရက် သုံးသပ်ချက် 

  • အမျိုးသားညီညွတ်ရေးအစိုးရသည်လေလှိုင်းထဲက အစိုးရမဟုတ်စေရကြောင်း ဆိုထားသည့်အတွက် တကယ်လက်တွေ့တွင် စစ်ရေး အုပ်ချုပ်ရေးများကို ထင်သာမြင်သာအောင် ပြုလုပ်လာတော့ မည်ဖြစ် ကြောင်း ခန့်မှန်းရသည်။ 

  • NUG မှစစ်ရေး အုပ်ချုပ်ရေးတိုးမြှင့်ရန် ကြုံးဝါးနေချိန်တွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ အကြမ်း ဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန် တတွင်တွင်ပြောဆို နေသည်ကို ကြည့်ခြင်းဖြင့် မြေပြင်တွင် တပ်ပျက်ရှုံးနိမ့်နေသည်ကို ခန့်မှန်းနိုင်သည်။ 

  • မင်းအောင်လှိုင်မှ ၎င်း၏နောက်ဆုံးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို စွတ်အတင်းပြုလုပ်ရန် စီစဉ်နေ ခြင်းသည် ၎င်းလက်အောက်ခံ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များကို ကိုယ်ကျိုးအတွက် ချနင်းနေ ခြင်းဖြစ် သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly