တရုတ်ဘီလျံနာ ဂျက်မား Ant Group ကုမ္ပဏီလုပ်ငန်းအား စီမံ ထိန်းချုပ်ခွင့် စွန့်လွှတ်ရတော့မည်

By Reuters
11 January 2023
တရုတ်ဘီလျံနာ ဂျက်မား Ant Group ကုမ္ပဏီလုပ်ငန်းအား စီမံ ထိန်းချုပ်ခွင့် စွန့်လွှတ်ရတော့မည်

 တရုတ်၏ နည်းပညာသုံးငွေကြေးဝန်ဆောင်မှုကုမ္ပဏီကြီး Ant Group ၏ အစုရှယ်ယာရှင်များက ဂျက်မားအတွက် မဲပေးခွင့်အများစုကို စွန့်လွှတ်ရစေမည့် ပြင်ဆင်ချက်များစွာကို လုပ်ဆောင်ပြီးနောက် တည်ထောင်သူ ဂျက်မားသည် ၎င်းကုမ္ပဏီကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ကြောင်း Ant Groupက ဇန်နဝါရီလ ၇ ရက်တွင် ပြောကြားလိုက်သည်။

စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည်  ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းက Ant Group ၏ အများပြည်သူထံ ဒေါ်လာ ၃၇ ဘီလီယံတန်ဖိုး ကနဦးအစုရှယ်ယာရောင်းချမှုကို တားမြစ်ခဲ့ကာ နည်းပညာသုံးငွေကြေးဝန်ဆောင်မှု ကုမ္ပဏီကြီး Ant Group က ဖွဲ့စည်းပုံကို မဖြစ်မနေပြင်ဆင်ခဲ့ရပြီးနောက် ဂျက်မားအနေဖြင့် ထိန်းချုပ်ခွင့် မရတော့ခြင်းဖြစ်သည်။

"ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီ Ant ကနေ ဂျက်မားက ထွက်ခွာသွားတာက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေရဲ့ သြဇာလွှမ်းမိုးမှုကို လျှော့ချဖို့လုပ်နေတဲ့ တရုတ်ခေါင်းဆောင်ပိုင်းရဲ့ သန္နိဋ္ဌာန်ကို ဖော်ပြနေပါတယ်။ ဒီလမ်းစဉ်က တရုတ်စီးပွားရေးရဲ့ အလားအလာအကောင်းဆုံး အစိတ်အပိုင်းတွေကို ပျက်ယွင်းသွားစေမှာ ဖြစ်ပါတယ်။ဟု ဟောင်ကောင်မှ ORIENT CAPITAL RESEARCH သုတေသနကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ အင်ဒရူး ကော်လီယာက ပြောကြားခဲ့သည်။

Ant ကုမ္ပဏီဟာ ဘဏ္ဍာရေးစနစ်အတွက် အရဲစွန့်ရမှုနည်းပါးပြီး စီးပွားရေးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို ချေးငွေပေးရာမှာ ထိရောက်မှု ရှိပါတယ်" ဟု အင်ဒရူးက ပြောကြားသည်။

ဂျက်မားသည် ထိန်းချုပ်နိုင်သော အဓိက ရှယ်ယာရှင် မဟုတ်တော့သည်မှာ သိသာထင်ရှားလှသည်။ ယင်းသည် သီအိုရီအရ IPO အတွက် အခြားအဓိကပြဿနာဖြစ်သည့် အချက်အလက် ကြီးကြပ်မှုနှင့်ပိုင်ဆိုင်မှုကိုလည်း ဖြေရှင်းပြီးသားဖြစ်သည်ဟု ပေကျင်းရှိ BDA ရင်းနှီးမြှုပ်နှံမှုအကြံပေးကုမ္ပဏီမှ ဥက္ကဋ္ဌ ဒန်ကန်ကလာ့ခ် ပြောကြားခဲ့သည်။

"ကျဆင်းနေတဲ့ စီးပွားရေး တိုးတက်ဖို့အတွက် အစိုးရက ကြိုးစားနေချိန်မှာ နည်းပညာ/ပုဂ္ဂလိကကဏ္ဍတွေက အဓိကကျပါတယ်။ ကာလအတန်ကြာ မသေချာမရေရာမှုတွေ ကြုံပြီးတဲ့နောက် Ant မှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အနည်းဆုံး ထွက်ပေါက်ရဖို့ အချိန် ရှိနိုင်ပါတယ်။ "ဟု ဒန်ကန်ကလာ့ခ်က ဆိုသည်။

"ပြည်မကြီးအခြေစိုက် A ရှယ်ယာရှင်ကုမ္ပဏီတွေနဲ့ ဟောင်ကောင်စတော့ကုန်စည်ဒိုင်စည်းမျဉ်းအရ ဒီမဲပေးမှုအစီအစဉ်ပြောင်းလဲမှုတွေကို ထိန်းချုပ်မှုအပြောင်းအလဲတစ်ရပ်လို့ မှတ်ယူလိုက်မယ်ဆိုရင် Ant Group ရဲ့ IPO လုပ်ငန်းစဉ်က ပိုမိုနှောင့်နှေးသွားနိုင်ပါတယ်" ဟု ဒန်ကန်ကလာ့ခ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly