ပြည်တွင်းကိုဗစ်မူဝါဒကို ဝေဖန်သည့် လူမှုမီဒီယာအကောင့်များကို တရုတ်အစိုးရပိတ်ပင်

By BBC
11 January 2023
ပြည်တွင်းကိုဗစ်မူဝါဒကို ဝေဖန်သည့် လူမှုမီဒီယာအကောင့်များကို တရုတ်အစိုးရပိတ်ပင်

အစိုးရသည် ကိုဗစ်မူဝါဒများကို ဝေဖန်သော စောင့်ကြည့်သူသန်းပေါင်းများစွာရှိသည့် လူမှုမီဒီယာအကောင့် ၁ ၀ဝဝ ကျော်ကို ပိတ်ပစ်လိုက်သည်။

တရုတ်ကိုဗစ်အထူးကုများကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်သည့် အကောင့်များကို ဆိုင်းငံ့ခြင်း သို့မဟုတ် ပိတ်ပင်လိုက်ကြောင်း လူမှုမီဒီယာပလက်ဖောင်း Weibo က ထုတ်ပြန်ခဲ့သည်။

မည်သည့်ပို့စ်များကြောင့် အကောင့်များပိတ်ပစ်ရသည်ကိုမူ Weibo က မဖော်ပြခဲ့ပေ။

တရုတ်အစိုးရက ဒီဇင်ဘာလတွင် တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဖျက်သိမ်းခဲ့ပြီးနောက် ကူးစက်မှုနှင့် သေဆုံးမှုများ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

လူများအား နေအိမ်တွင် ရက်သတ္တပတ်များစွာ သီးသန့်နေစေသည့် ပိတ်ဆို့ကန့်သတ်မှုများ အပါအဝင် ကိုဗစ်စည်းမျဉ်းများကို တင်းကျပ်စွာ ကျင့်သုံးခြင်းအပေါ် အင်တာနက်အသုံးပြုသူများက အဓိက ဝေဖန်ခဲ့ကြသည်။

ကိုဗစ်ကန့်သတ်ချက်များအား  ရုတ်တရက် ပယ်ဖျက်လိုက်သည့် ဆုံးဖြတ်ချက်ကို သီတင်းပတ်ပေါင်းများစွာအလွန်က ထောက်ခံခဲ့ပြီး ယခု ခုခံပြောဆိုလာသည့် ပညာရှင်များကို ဝေဖန်နေကြခြင်းဖြစ်သည်။

ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို တိုက်ခိုက်မှုအပါအဝင် ဝေဖန်မှုပေါင်း ၁၃ ဝဝဝ နီးပါးကို တွေ့ရှိခဲ့ကြောင်းနှင့် အကောင့်ပေါင်း ၁ ၁၂၀ ကို ယာယီ သို့မဟုတ် အမြဲတမ်း ပိတ်ပင်လိုက်ကြောင်း Weibo က ထုတ်ပြန်ခဲ့သည်။

ကွဲပြားတဲ့အမြင်ရှိတဲ့သူတွေကို စော်ကားတာ၊ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ပေးတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေနဲ့ အမြင်တွေကို ဖြန့်ချိတာ လက်မခံနိုင်ပါဘူးဟု Weibo ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Weibo အသိုက်အဝန်းကို ပျက်စီးစေလိုသော မည်သည့်လုပ်ရပ်မျိုးကိုမဆို အလေးအနက်ထားပြီး ကိုင်တွယ်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly