Breaking News ချင်းအမျိုးသားတပ်ဦး/တပ်မတော် ဌာနချုပ်ကို စစ်ကောင်စီတပ်ဖွဲ့ လေယာဉ်ဖြင့်ဗုံးကြဲ

By ပါခွီး (မဇ္စျိမ)
10 January 2023
Breaking News ချင်းအမျိုးသားတပ်ဦး/တပ်မတော် ဌာနချုပ်ကို စစ်ကောင်စီတပ်ဖွဲ့ လေယာဉ်ဖြင့်ဗုံးကြဲ

ဇန်နဝါရီလ ၁၀ ရက်

ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ် အတွင်းရှိ ချင်းအမျိုးသား တပ်ဦး/တပ်မတော် (CNF/CNA) ဌာနချုပ်ကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၀ရက် ညနေ ၄နာရီ ၅၀မိနစ်မှစတင်ပြီး ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လောလောဆယ် နှစ်ယောက်ထိထားတယ်လို့သိရတယ် လူနေအိမ်တော်တော် များများ ထိခိုက်ကုန်တယ် အသေးစိတ်မသိရသေးဘူး” ဟု အဆိုပါ ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုသည် ပြီးဆုံးခြင်းမရှိသေးဘဲ ဆက်လက်ပျံသန်း လာနေသည့် သတင်းများ ကြားသိနေရသဖြင့် ဌာနချုပ်ရှိလူများ လုံခြုံရာသို့ ပုန်းခိုနေရကြောင်းသိရသည်။

ဇန်နဝါရီလ ၁ရက်နှင့် ၅ရက်နေ့များတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့နယ်အတွင်း CNA နှင့် CDF တပ်ဖွဲ့များရှိရာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များ ထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly