ဗြိတိန်ရဲတပ်ဖွဲ့က တရုတ်ထုတ် CCTV နှင့် ဒရုန်းများအား အသုံးပြုမှုအပေါ်  ပညာရှင်အဖွဲ့ သတိပေး

By Daily Mail
11 January 2023
ဗြိတိန်ရဲတပ်ဖွဲ့က တရုတ်ထုတ် CCTV နှင့် ဒရုန်းများအား အသုံးပြုမှုအပေါ်  ပညာရှင်အဖွဲ့ သတိပေး

 

ဗြိတိန်ရဲတပ်ဖွဲ့၏ ၃ ပုံ ၁ ပုံ ကျော်သည် လုံခြုံရေးအန္တရာယ်ဖြစ်စေမည့် ကုမ္ပဏီများမှထုတ်လုပ်သည့် ကိရိယာများကို အသုံးပြုနေကြောင်း စောင့်ကြည့်ထောက်လှမ်းရေးအဖွဲ့က သတိပေးထားသည်။

တရုတ်အစိုးရနဲ့ အချိတ်အဆက်ရှိတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ CCTV ကင်မရာတွေ၊ ဒရုန်းတွေနဲ့ အခြားနည်းပညာတွေကို အသုံးပြုတာဟာ အစိုးရက မယုံကြည်ရတဲ့ ကုမ္ပဏီတွေနဲ့ စက်ပစ္စည်းတွေကို ကျွန်တော်တို့အပေါ် စောင့်ကြည့်စေချင်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်” ဟု ဖရေစာဆမ်ပ်ဆန်က ပြောကြားခဲ့သည်။

ယခင်မျိုးဆက်များက လုံခြုံရေးစနစ်များကို ရည်ရွယ်ချက်ကောင်းဖြင့် တပ်ဆင်ထားခဲ့ကြသော်လည်း ဇီဝသွင်ပြင်မှတ်တမ်းတင်မှုနှင့်စောင့်ကြည့်ရေးကင်မရာဆိုင်ရာ တာဝန်ရှိသူ ဆမ်ပ်ဆန်က ဗြိတိန် လုံခြုံရေးတပ်ဖွဲ့အတွင်းသို့ တရုတ်စက်ပစ္စည်းများ တိတ်တဆိတ်ချဉ်းနင်းဝင်ရောက်မှုကို ဒစ်ဂျစ်တယ် ယိုစိမ့်မှုအဖြစ် ခိုင်းနှိုင်းပြောဆိုထားသည်။

“သိသာတဲ့ အန္တရာယ်တွေ ယူဆောင်လာတယ်ဆိုတာ အခုတော့ ကျွန်တော်တို့ သိပါပြီ။ အဲဒီအန္တရာယ်တွေရဲ့ အတိမ်အနက်ကို သိပြီဖြစ်လို့ တရုတ်ပစ္စည်းတွေတပ်ဆင်တာ ရပ်တန့်သင့်ပါပြီ။

“နောက်ပြီး လေ့လာဆန်းစစ်ဖို့ အချိန်တစ်ခု သတ်မှတ်ပြီး လိုအပ်ပါက ဖယ်ရှားတာတွေ အစားထိုးတာတွေ လုပ်သင့်ပါတယ်” ဟု ဟု ဆမ်ပ်ဆန်က The Times သတင်းဌာနသို့ ပြောသည်။

ဗြိတိန်၏အကြီးဆုံးရဲတပ်ဖွဲသို့ လမ်းလျှောက်စကားပြောစက် ၃၅ ၀၀၀ ကျော်ကို ရောင်းချထားသည့် အငြင်းပွားဖွယ်တရုတ်ကုမ္ပဏီသည် သူလျှိုလုပ်မှု အရှုပ်တော်ပုံတွင် အဓိက ပါဝင်ပတ်သက်နေသည်။

လုံခြုံရေးစိုးရိမ်မှုများကြောင့် အမေရိကန်ရှိ အစိုးရကန်ထရိုက်များမှ အမည်ပျက်စာရင်းသွင်းထားသည့် Hytera မိုဘိုင်းဒစ်ဂျစ်တယ်ဆက်သွယ်ရေးကုမ္ပဏီသည် ပြိုင်ဘက် Motorola ထံမှ ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဗြိတိန်တရားသူကြီးများသည် ဗြိတိန် အခြေစိုက် Hytera ကုမ္ပဏီအမှုဆောင်ဟောင်း အသက် ၆၄ နှစ်အရွယ် ဂျီဆောင်းကွတ်အား ဉာဏပစ္စည်းခိုးယူမှု စွဲချက်ဖြင့် အမေရိကန်သို့ လွှဲပြောင်းပေးရန် ယမန်နှစ်က အမိန့်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly