နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၉ ဇန်နဝါရီ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၉ ဇန်နဝါရီ၂၀၂၃ ) 

ဇန်နဝါရီလ ၉ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • Zomi Federal Union (ZFU) က ဦးစီးကျင်းပတဲ့ Information Session ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၈ နာရီကကျင်းပရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

  • အာဏာဖီဆန် လှုပ်ရှားမှုမှာပါဝင်ကြသည့် နည်းပညာတတ်မြောက်ကျောင်းသားများကို ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ အစိုးရနည်းပညာစီမံကိန်းများ၌ အလုပ်သင်ဝန်ထမ်း အဖြစ် စီစစ်ခန့်အပ်သွားမည်ဖြစ်ကြောင်း NUG မှထုတ်ပြန်ထားသည်။ 

  • ပုသိမ်ထောင်ဖြစ်စဉ် အပါအဝင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ နှင့် မတရား သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မှတ်တမ်းတင် ထိန်းသိမ်းလျက် သက်ဆိုင်ရာ ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • Non-CDM များအနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများ အပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ သတင်း ပေးတိုင်ကြားမှုများနှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကြရန် ပြင်းထန်စွာ သတိပေးကြောင်း ကျန်းမာရေးအင်အားစုများမှ ထုတ်ပြန်သည်။ 

  • ရေစကြိုမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထု သပိတ် ဦးဆောင် ကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် စပတန်းကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်အား တိုက်ခိုက်ခဲ့ ကြောင်း သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပကဖ (Eagle Force)ထံမှ သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာကို စစ်ကောင်စီ တပ်များ က မီးရှို့နေပြီး ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရ သည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကားပျက်နေစဉ် PDF တပ်များက ဒရုန်း ဖြင့် ဗုံးကျဲချမှု စစ်သားများ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း Nway Oo Takhon PDFထံမှ သိရှိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ မင်းတဲကြီးရပ်ကွက်၊ ကောလင်း-ဥက္ကံလမ်းမ ကြီးတွင် ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် အမျိုး သမီး၂ ဦး လက်လုပ်မိုင်း သယ်လာစဉ် အကြမ်းဖက်စစ်တပ်နှင့် ထိပ်တိုက်တိုးရာ အသေခံ မိုင်းခွဲတိုက်ခိုက်သွားကြောင်း Kalawlin Revolution –KR မှသိရသည်။ 

  • တန့်ဆည်ပင်မသပိတ်စစ်ကြောင်းဦးဆောင်၍ "တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ" စာသားကိုကိုင်ဆောင်၍ စစ်အာဏာရှင်တို့၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြု အလိုမရှိကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြသည်။ 

  • ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့၏မြောက်ဘက် ခုနစ်မိုင်ခန့်အကွာရှိ ခိုးသန်းကျေးရွာကို စစ်ကောင်စီတပ် က ဇန်နဝါရီလ ၉ ရက် နံနက် ၆ နာရီခွဲအချိန်တွင် ရွာကိုမီးတင်ရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ရန်ကုန်တွင် ကျောင်းသားသမဂ္ဂအဖွဲ့များပူးပေါင်း၍ ဆံချည်တစ်မျှင်တောင်နောက်မဆုတ်နဲ့ဆက်တိုက်" စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာစျေးမီးပွိုင့်တွင် လုံခြုံရေးယူ ထား သော တပ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်က ပြန်လည် ပစ်ခတ် သံများကြားရကြောင်း ဒေသပြည်သူများက ပြောသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ထောက်လှမ်း ဒုက္ခပေးနေသည့် ဗိုလ်ကြီး ညီညီ ကို YGF က ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း ရေးပျောက်ကျား တပ်ဖွဲ့-YGF မှ သိရသည်။ 

  • ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်၌ ဇန်နဝါရီလ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့များတွင် စစ်ကောင်စီတပ် များနှင့် ရဲများက ရိုက်နှက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဥ်းသားတစ်ဦး ကျဆုံးခဲ့ သည်ဟု သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၊ထားဝယ်-ထီးခီး လမ်းပိုင်းရှိ ၀ကုန်းရွာနှင့် သင်္ကန်းတုန်းရွာအကြား ဘဲ့မဲ့တက်တောင်လမ်းပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ သုံးရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်ဟု ထားဝယ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (Dawei Defense Team)၏ ထုတ်ပြန်ချက်အရ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ ကားဂိတ် တစ်ခုတွင် ထားဝယ်သို့ ပို့ဆောင်မည့် ပစ္စတိုသေနတ် တစ်လက်အပါဝင် ဆက်စပ်ပစ္စည်းများ နှင့်အတူ အမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • မင်းတပ်မြို့ နယ်အတွင်းရှိ မင်းတပ် - မတူပီကားလမ်းပိုင်းတစ်နေရာကို ဇန်နဝါရီလ ၈ ရက်နေ့လယ်က ဂျက်လေယာဉ်တစ်စီးဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ပြီးထီးလင်းဘက်ခြမ်းက တက်လာသည့်မြေပြင်စစ်ကြောင်း တစ်ကြောင်းကလည်း ညနေပိုင်းတွင် တိုက်နယ်အမှတ် (၁) ပိန်ရိန်းရွာရှိနေအိမ်တစ်ချို့ကို မီးရှို့နေခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကိုဆက်သွယ်ပြောကြားသည်။ 

  • ကော့ကရိတ်မြို့နယ် အာရှလမ်းမတွင် ဆယ်ရက်ကျော်ကြာဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၄၈ ဦးခန့်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ 

  • ကရင်ပြည်နယ်၊ KNU နယ်မြေရှိ ရွှေတွင်းလုပ်ကွက်များကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၆ ဦးထက်မနည်း သေဆုံး ကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ် ပြန်ထားသည်။ 

စစ်ကောင်စီ 

  • ယနေ့ ဇန်နဝါရီလ ၉ရက်နေ့ နံနက်ပိုင်းအချိန်ကစပြီးစစ်ကောင်စီလက်အောက်ခံအဖွဲ့များမှ ရန်ကုန်ရှိ မြို့နယ်အချို့မှာ မြေပြင်လူဦးရေစာရင်း များကို စတင်ကောက်ယူနေကြပြီဖြစ်ကြောင်း သိရသည်။ 

  • ဩစတြေလျနိုင်ငံသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည့် မစ္စတာ ရှောင်တာနယ်လ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် ပြန်လည်ပယ်ဖျက်သည်ဟု စစ်ကောင်စီမှ ဇန်နဝါရီလ ၆ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

  • ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကိုဝင်ရောက်တဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေက လျှပ်စစ်ကဏ္ဍမှာ အများဆုံး မြှုပ်နှံထားကြကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန(MIFER) က သိရသည်။ 

  • တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ကားဂိတ် တစ်ခုတွင် ထားဝယ် PDF ထံ ပေးပို့မည့် ပစ္စတိုသေနတ် တစ်လက်အပါဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။ 

ဇန်နဝါရီ ၉ ရက် သုံးသပ်ချက် 

  • မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် လက်နက်ကိုင်းချင်းမနိုင်လျှင် အရပ်သား ပြည်သူ ကို သတ်ဖြတ်လေ့ရှိရာ ယခုလည်း ကရင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ နှင့်ပူးပေါင်းတပ်ဖွဲ့များကို မြေပြင်တွင် မနိုင်သည့်အတွက် ကရင်ပြည်နယ်ရှိ အရပ်သားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေသည်။ 

  • အကြမ်းဖက်စစ်တပ်၏ နိုင်ငံအနှံ့ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို NUG လူ့အခွင့်ရေးရာ ဝန်ကြီးဌာနမှ မှတ်တမ်းတင်နေပြီး ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းများကို ပေးပို့ကာ တရားမျှတမှုကို ပြန်ယူမည်ဟု ဆိုထားသည့်အတွက် အကြမ်းဖက်စစ်အုပ်စုအတွက် နိုင်ငံတကာဖိအားအပြင် အရေးယူမှုများပြုလုပ်ခံရရန် နီးကပ်လာပြီဟုဆိုရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly