နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းကြောင့် သီလဝါအထူးစီးပွားရေးဇုန်တွင် မြေငှားရမ်းခဝင်ငွေ လျော့ကျ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းကြောင့် သီလဝါအထူးစီးပွားရေးဇုန်တွင် မြေငှားရမ်းခဝင်ငွေ လျော့ကျ
Photo - Google

ဇန်နဝါရီလ ၉ ရက်

သီလဝါအထူးစီးပွားရေးဇုန် (SEZ) တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သိသိသာသာ လျော့ကျခဲ့ခြင်းကြောင့် မြေနေရာ ငှားရမ်းခ ဝင်ငွေကို ကျပ် ၆ ဘီလီယံကျော် လျော့ကျစေခဲ့ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၂၀ မှ စက်ရုံ ၁၁၃ ရုံခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၂၂ ဇွန်လအထိ စက်ရုံများနှင့် ကုန်ထုတ်လုပ်မှု အလုပ်ရုံ ၉၃ ခု ဆက်လက် လည်ပတ်လုပ်ကိုင်ဆဲ ဖြစ်သော်လည်း ၂၀၂၂ ဒီဇင်ဘာလကုန်တွင် ထိုအရေအတွက်သည် ၁၀၂ ခုအထိ မြင့်တက်ခဲ့သည်။

အထူးစီးပွားရေးဇုန်တွင် လည်ပတ်သည့် စက်ရုံများ များပြားလာသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုက သိသိသာသာ လျော့ကျခဲ့သည့်အတွက် SEZ တွင် မြေနေရာငှားရမ်းမှုမှ ရသည့် ဝင်ငွေသည် လျော့ကျထားခဲ့သည်။

“COVID-19 ဖြစ်ပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျသွားခဲ့တယ်။ အဲဒါကြောင့် မြေနေရာငှားရမ်းခ ဝင်ငွေဟာ မနှစ်က ကျပ် ၈ ဒသမ ၆၂၈ ဘီလီယံ ကနေ ဒီနှစ် (၂၀၂၂) မှာ ကျပ် ၂ ဒသမ ၅၈၁ ဘီလီယံကို ကျသွားခဲ့တယ်”

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းပမာဏသည် ၂၀၂၂ နိုဝင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၈ ဘီလီယံဖြင့် ရပ်တည်နေသည်။

(ကိုလူအေး ဘာသာပြန်သည်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly