အကျဉ်းထောင်ထဲမှပေးစာ

အကျဉ်းထောင်ထဲမှပေးစာ

ဒီဇင်ဘာလ ၃၀ ရက်

၂၀၂၃ ခုနှစ် လွတ်လပ်ရေးနေ့အတွက် နိုင်ကျဉ်းများ၏ တိုက်တွန်းချက်

(၁) ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့သည် တန်းတူမှုအ‌ပေါ်အခြေခံ၍ လူမျိုးစုခေါင်းဆောင်အသီးသီး၏ဦးဆောင်မှု ပြည်သူလူထုတစ်ရပ်လုံးပူးပေါင်းပါဝင်မှုဖြစ်၍ရယူထားသော လွတ်လပ်ရေးနေ့ဖြစ်သည်။

(၂) လွတ်လပ်ရေး၏ အနှစ်သာရသည် တိုင်းပြည်တစ်ခုလုံး၏ အချုပ်အချာအာဏာသည် ပြည်သူလူထုထံမှ စီးဆင်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူမှု၊ တရားမျှတ၊ ငြိမ်းချမ်းတိုးတက်သော၊ လူမှုအသိုက်အဝန်းတွင် လုံခြုံစွာနေထိုင်ရေးဖြစ်သည်။

(၃) မြန်မာနိုင်ငံ၊ မြန်မာပြည်သူလူထုကြီးသည် စစ်အာဏာရှင် အုပ်စု၏ ညှင်းပန်းနှိပ်စက် ကြီးဆိုးချယ်လယ်မှုကြောင့် လွတ်လပ်ခွင့်၏အရသာ လွတ်လပ်ရေး၏အနှစ်သာရ မခံစားရသည်မှာ နှစ်ပေါင်း (၇၀) ကျော်တိုင်ခဲ့ပြီဖြစ်သည်။

(၄) ဒီတိုင်းပြည်၊ ဒီမြေ၊ ဒီရေ၏ လွတ်လပ်ခြင်း အနှစ်သာရ ပြည့်ပြည့်ဝဝရနိုင်ဖို့ ပြည်သူလူထုကြီး၏ဦးဆောင်မှုဖြင့် ဖက်ဒရယ်ဒီမိုကရေစီပေါ်တွင် အခြေခံ၍ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ် တိုက်ထုတ်ကျပါရန် အလေးအနက်တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly