ပုဂလိကဆေးရုံငါးခုပိတ်သိမ်းခံရသဖြင့် လူနာများအခက်အခဲဖြစ်နေဟုဆို

ပုဂလိကဆေးရုံငါးခုပိတ်သိမ်းခံရသဖြင့် လူနာများအခက်အခဲဖြစ်နေဟုဆို

ဒီဇင်ဘာလ ၃၀ ရက်

မန္တလေးမြို့တွင် ပုဂလိကဆေးရုံငါးခုပိတ်သိမ်းခံံလိုက်ရသဖြင့်၊ ၎င်းဆေးရုံများတွင်ကုသမှုခံယူနေဆဲလူနာများ အခက်အခဲဒုက္ခဖြစ်နေကြရကြောင်း သိရသည်။

“ဆေးရုံကြီးမှာကလည်း လူနာလက်ခံကုပေးနိုင်တဲ့အခြေအနေမရှိတော့၊ ငွေကြေးတတ်နိုင်သည်ဖြစ်စေ? မတတ် နိုင်သည်ဖြစ်စေ၊ ပုဂလိဆေးရုံတွေကိုအားကိုးနေရတယ်၊ အခုလိုလုပ်လိုက်တော့ အကုန်ဒုက္ခရောက်ကုန်တာပေါ့၊ တခြားဆေးရုံတွေမှာကလည်း လူနာတွေနဲ့ပြည့်သိပ်နေပြီ” ဟု မြို့တော်ဆေးရုံတွင်တက်ရောက်ကုသနေသည့် လူနာတစ်ဦး၏မိသားစု၀င်ကပြောသည်။

မန္တလေးမြို့ကနာမည်ကြီးအထူးကုဆေးရုံသုံးခုအပါအ၀င် ပုဂလိကဆေးရုံငါးခုကို၊ လူနာအသစ်လက်မခံရန် စစ်ကောင်စီကညွှန်ကြားပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ လေးလပိတ်သိမ်းခိုင်းကြောင်း ဆေးရုံများနှင့်နီးစပ်သည့်အသိုက်အ၀န်းထံကသိရသည်။

“ပိတ်စရာမလိုတဲ့ဆေးရုံတွေမှာ လူနာပြည့်သွားတယ်၊ သူတို့(စကစ)ဖွင့်ပေးထားတဲ့ဆေးရုံတွေမပြောနဲ့ မန္တလေး ဆေးရုံကြီးမှာတောင် လူနာလက်မခံနိုင်တာကြာပြီ၊ အခုက လူနာတွေအတော်လေးဒုက္ခဖြစ်နေကြတယ်” ဟု လူနာရှင်တစ်ဦးကပြောသည်။

ပိတ်သိမ်းခံရသည့်ဆေးရုံငါးခုသည် မြို့တော်ဆေးရုံ နန်းတော်ဆေးရုံ ကံ့ကော်ဆေးရုံ စိန်ပန်းဆေးရုံနှင့် ထက်နေလင်းဆေးရုံတို့ဖြစ်ပြီး၊ ၎င်းဆေးရုံများအား CDM ၀န်ထမ်းများအားအလုပ်ခန့်ထားကြောင်း စွပ်စွဲချက်ဖြင့် စစ်ကောင်စီကဖိအားပေးပိတ်ခိုင်းခြင်းဖြစ်ကြောင်း ကျန်းမာရေး၀န်ထမ်းအသိုက်အ၀န်းကဆိုသည်။

ပိတ်သိမ်းခံရသည့်ဆေးရုံငါးခုအနက် မြို့တော်ဆေးရုံ နန်းတော်ဆေးရုံနှင့် ကံ့ကော်ဆေးရုံတို့သည် မန္တလေးမြို့၏ သက်တမ်းရင့်ပုဂလိကဆေးရုံများဖြစ်ကြပြီး၊ နေ့စဉ်လူနာအရေအတွက်ရာနှင့်ချီပြီးကုသပေးနေရသည့် အထူးကု ဆေးရုံများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly