ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်လိုမှုများ မြင့်တက်နေခြင်းအပေါ် လွှတ်တော်အမတ် သတိပေး

By Devdiscourse
29 December 2022
ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်လိုမှုများ မြင့်တက်နေခြင်းအပေါ် လွှတ်တော်အမတ် သတိပေး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အကြမ်းဖက်လိုမှုများ မြင့်တက်နေစဉ် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ စစ်ပွဲတစ်ခုက ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်အမတ် မိုဟ်ဆင်း ဒါဝါက ပြောသည်။ ထိုမတိုင်မီက လက်ကီ မာဝတ် ဧရိယာတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဲလေးဦး သေဆုံးခဲ့သည်။

“လက်ကီ မာဝတ်မှာ ဖြစ်သွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကြောင့် ဘရာဂိုင်း ရဲစခန်းက ရဲလေးဦး အသက်စွန့်သွားကြရသလို ဘန်နူ ကန့်တ်မှာလည်း အကြမ်းဖက်သမားတွေက ဓားစာခံတွေ ထိန်းသိမ်းတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တယ်။ ပက်ခ်တွန်ခဝါမှာ စစ်ပွဲတစ်ခု ဖြစ်နေဆဲပါ။ ဒီအတွက် တာလီဘန်တွေကို ပက်ခ်တွန်ခဝါထဲ ဝင်ခွင့်ပြုသူတွေမှာ တာဝန်ရှိပါတယ်” ဟု ဒါဝါက တွစ်တာတွင် ရေးသည်။

ဒီဇင်ဘာ ၁၈ ရက် မနက်အစောပိုင်းတွင် စစ်သွေးကြွများက ခိုင်ဘာ ပက်ခ်တွန်ခဝါ၏ လက်ကီ မာဝတ်ခရိုင်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ရဲလေးဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်။

“ညသန်းခေါင်အချိန်မှာ စစ်သွေးကြွတွေက ရဲစခန်းကို တိုက်ခိုက်ပြီး အဆောက်အအုံထဲ ဝင်ဖို့ ကြိုးစားခဲ့တာပါ” ဟု လက်ကီ ရဲစခန်းမှ ပြောရေးဆိုခွင့်ရှိသူ ဆာဟစ် ဟာမီးဒ်က Dawn ကို ပြောသည်။

ရဲများသည် စစ်သွေးကြွများနှင့် ၄၅ မိနစ်နီးပါးခန့် တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ခိုက်သူများ ထွက်ပြေး သွားကြောင်း ပါကစ္စတန်သတင်းစာက ဖော်ပြသည်။

လက်ရှိအချိန်အထိ ထိုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ခံထုတ်ဖော်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly