တရုတ် ဘတ်ဂျက်လိုငွေပြမှု ယွမ်၇ဒသမ၇ထရီလီယံထိ စံချိန်တင်ရှိလာ

တရုတ် ဘတ်ဂျက်လိုငွေပြမှု ယွမ်၇ဒသမ၇ထရီလီယံထိ စံချိန်တင်ရှိလာ

တရုတ်ဘတ်ဂျက်လိုငွေပြမှုသည်၂၀၂၂ခုနှစ်တွင်စံချိန်တင်ခဲ့ပြီး၊ပယ်ဖျက်လိုက်သောကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ နှင့်လက်ရှိဖြစ်ပေါ်နေသောအိမ်ခြံမြေဈေးကွက်ကျဆင်းမှုကစီးပွားရေးနှင့်အစိုးရ၏ ဘဏ္ဍာရေးကိုဆိုးဆိုးရွားရွားထိခိုက်နေကြောင်းဖော်ပြနေသည်။

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနမှအချက်အလက်များအပေါ်အခြေခံ၍Bloomberg ၏ တွက်ချက်မှုများအရ ဇန်နဝါရီမှ နိုဝင်ဘာလအထိ ဘဏ္ဍာလိုငွေမှာ ယွမ်၇ဒသမ၇၅ထရီလီယံရှိသည်။

ယင်းသည်၂၀၂၁ခုနှစ်ကာလတူထက်၂ဆကျော်ရှိပြီး၂၀၂၀ပြည့်နှစ်ထက်ပိုမိုများပြားခဲ့ကာကိုဗစ်ကူးစက်မှုများ ကြောင့် ရုန်းကန်ခဲ့ရသဖြင့် တိုးတက်မှုနှုန်းမှာ ဆယ်စုနှစ်များအတွင်း အနှေးကွေးဆုံးဖြစ်ခဲ့သည်။

ဗဟိုအစိုးရနှင့်ဒေသဆိုင်ရာအစိုးရများသည်စုစုပေါင်းဝင်ငွေယွမ်၂၄ဒသမ၅၇ထရီလီယံရှိခဲ့သော်လည်း၂၀၂၂ခုနှစ် ပထမ၁၁လအတွက်စုစုပေါင်း အသုံးစရိတ် ယွမ်၃၂ဒသမ၃၂ထရီလီယံရှိခဲ့သည်။

အထူးသဖြင့်ပြည်နယ်အစိုးရများသည်အောက်တိုဘာလတွင်ယွမ်၅၅၂ဘီလီယံရရှိခဲ့ပြီးနိုဝင်ဘာလတွင်မြေယာ ရောင်းချမှုမှယွမ်၇၁၅ဘီလီယံရရှိခဲ့ပြီး၂၀၂၁ခုနှစ်ကထက်၁၃ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့သည်။

မြေယာရောင်းချမှုဝင်ငွေသည်၂၀၂၂ခုနှစ်တွင်လစဉ်ဆယ်ဂဏန်းနီးပါးကျဆင်းနေသည်။

လိုငွေပြမှုပိုဆိုးလာခြင်းကနိုဝင်ဘာလကုန်တွင်စီးပွားရေးမည်မျှဆိုးရွားနေကြောင်းကိုဖော်ပြနေသည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏အဓိကသော့ချက်ဖြစ်သည့်ကန့်သတ်ပိတ်ဆို့မှုများ၊စမ်းသပ်ခြင်းနှင့်သီးသန့်ခွဲထား ခြင်းစည်းမျဉ်းများသည်စားသုံးသူများနှင့်စီးပွားရေးအသုံးစရိတ်အပေါ်ထိခိုက်စေခဲ့ပြီး ဒုတိယ ၃ လပတ်တွင် စီးပွားရေးကျဆင်းလုနီးပါးဖြစ်ခဲ့ရသည်။

ယခု ၃လပတ်တွင် ကူးစက်မှုများလာခြင်းကြောင့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင်လက်လီရောင်းအားကျဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required