တရုတ်တွင်မီးသဂြိုလ်စက်များကို မအားလပ်အောင် အသုံးပြုနေရ

တရုတ်တွင်မီးသဂြိုလ်စက်များကို မအားလပ်အောင် အသုံးပြုနေရ

တရုတ်တွင်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအရှိန်အဟုန်ဖြင့် ဆက်လက်မြင့်တက်နေသဖြင့် နိုင်ငံအတွင်းရှိ မီးသဂြိုလ်စက်များကို မအားလပ်အောင် အသုံးပြုနေရပြီး သေဆုံးသူများ၏ အလောင်းကို မီးသဂြိုလ်ရန် နာရီပေါင်းများစွာစောင့်ဆိုင်းနေရကြောင်း အမေရိကန်ရုပ်သံဌာနCNN ကဖော်ပြထားသည်။

နိဗ္ဗာန်ယာဉ်ရှာရာတွင်လူအများအပြားကြုံတွေ့နေရသည့်မကျေနပ်မှုများကို လူမှု မီဒီယာများတွင် ဖော်ပြကြပြီးမီးသဂြိုလ်ရေးအတွက်အလှည့်ရရန်အခက်အခဲရှိကြောင်းသတင်းတွင်ဖော်ပြထားသည်။

ဆေးရုံလူနာဆောင်များနှင့်မီးသဂြိုလ်သည့်နေရာများတွင်လူများပြည့်ကျပ်နေသည့်မြင်ကွင်းများကိုတရုတ်အစိုးရပိုင်မီဒီယာကတမင်လျစ်လျူရှုနေကြောင်းသတင်းကဆိုသည်။

ကိုဗစ်-၁၉ကြောင့်လူအနည်းငယ်သာသေဆုံးကြောင်းတရုတ်အစိုးရအရာရှိများကပြောကြားထားသည်။

“တုံကျိုးရှိရေခဲတိုက်နှင့်မီးသဂြိုလ်သည့်နေရာများတွင်လက်ရှိတွင်အလုပ်များနေပြီးတစ်နေ့လျင်အလောင်း၁၄၀မှ၁၅၀အထိမီးသဂြိုလ်နေရကြောင်းဒီဇင်ဘာ၂၂ရက်တွင်ပေကျင်းဒေသခံသတင်းစာTongzhouကဖော်ပြခဲ့ကြောင်း” ဘိုဝမ်အမည်ရှိသည့်Twitter အသုံးပြုသူတစ်ဦးကပြောကြားခဲ့သည်။

ပေကျင်းမြို့ရှိအထင်ကရမီးသဂြိုလ်တစ်ခုတွင်လုံးဝပြည့်ကျပ်နေပြီးမီးသဂြိုဟ်သည့်နေရာအပြင်ဘက်တွင်ကားတန်း ရှည်ကြီးကဝင်ခွင့်ရရန်စောင့်ဆိုင်းနေကြောင်းCNN သတင်းတွင်ဖော်ပြထားသည်။

မီးသဂြိုလ်စက်ခေါင်းတိုင်များမှမီးခိုးများအဆက်မပြတ်ထွက်လာနေပြီးအလောင်းများထည့်ထားသည့်အဝါရောင်အိတ်များသည်သတ္တုခေါင်းတလားများအတွင်းစုပုံနေသည်။ဝမ်းနည်းကြေကွဲနေသည့်မိသားစုများကသေဆုံးသူ၏ဓာတ်ပုံများကိုပိုက်ထားပြီးတန်းစီစောင့်ဆိုင်းနေသည်။

ကိုဗစ်-၁၉ကူးစက်မှုကြောင့်သေဆုံးသွားသည့်ချစ်ခင်ရသူများကို မီးသဂြိုလ်ရန် တစ်ရက်ကျော်စောင့်ဆိုင်းခဲ့ရကြောင်းလူတချို့ကပြောကြားခဲ့သည်။

ဆေးရုံတွင်အလောင်းများပြည့်နေပြီးနေရာမရှိသဖြင့်သူငယ်ချင်းအလောင်းကိုဆေးရုံကြမ်းပြင်တွင်ချထားကြောင်းအမျိုးသားတစ်ဦးကCNN သို့ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly