တရုတ်တွင် DNA စိစစ်မှုကဲ့သို့ ခေတ်မီဆေးဘက်နည်းလမ်း အများအပြားအသုံးပြုလာခြင်းက စိုးရိမ်ဖွယ်ဖြစ်လာ

တရုတ်တွင် DNA စိစစ်မှုကဲ့သို့ ခေတ်မီဆေးဘက်နည်းလမ်း အများအပြားအသုံးပြုလာခြင်းက စိုးရိမ်ဖွယ်ဖြစ်လာ

တရုတ်နိုင်ငံတွင် DNA စိစစ်မှုနှင့် မျက်လုံးစကန်ဖတ်ခြင်းကဲ့သို့သော ခေတ်မီဆေးဘက် နည်းလမ်းများ အသုံးပြုခြင်းကို အများအပြားလုပ်ဆောင်မှုကြောင့် ကိုယ်တွင်းအင်္ဂါများအဓမ္မရယူသည့် လူမဆန်သော နိုင်ငံတကာစီးပွားရေးကို ထပ်မံမြှင့်တင်သည့် အဆိုပါ လုပ်ရပ်များကို အသုံးပြုသော တရုတ်ကို ကြောက်ရွံ့မှုများ မြင့်တက်လာကြောင်း Tibet Pressကဖော်ပြသည်။

“တရုတ်က အခုတလော လူဦးရေကောက်ကြောင်းဖော်တဲ့ အထူးလှုပ်ရှားမှု ၂ ခုကို လုပ်နေပါတယ်။ ဒါကို လူအခွင့် အရေးအဖွဲ့တွေနဲ့ ဥရောပနဲ့ အမေရိကန်က နိုင်ငံရေးခေါင်းဆောင်တွေကလည်း ကန့်ကွက်ခဲ့ကြပါတယ်။ တစ်ခုက ချင့်ဟိုင်ပြည်နယ်ကလူအစုလိုက်အပြုံလိုက်ကို မျက်လုံးသူငယ်အိမ် စကန်ဖတ်တာနဲ့ နောက်တစ်ခုက DNA စိစစ်ဖို့ တိဗက်လူမျိုးတွေဆီကနေ သွေးနမူနာယူတာပါ” ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်အာဏာပိုင်များသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) တွင် DNA အစုလိုက် အပြုံလိုက် စုဆောင်းမှုအစီအစဉ်များကို ၂၀၁၆ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ ကလေးများအပါအဝင် တိဗက်ပြည်သူ ၃ ပုံ ၁ ပုံခန့်ထံမှ DNA စုဆောင်းထားပြီးဖြစ်သည်။

တရုတ်၏ လူသားကိုယ်တွင်းအင်္ဂါထုတ်ယူမှုစီးပွားရေးလုပ်ငန်းသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ တရားဝင်လူသိမခံသော အကျဉ်းထောင်များရှိ လူများထံမှ ရယူသည့် DNA နှင့် သွေးနမူနာများအပေါ် အခြေခံထားသည်။

ကျောက်ကပ်၊ အသည်း၊ မျက်ကြည်လွှာ၊ ပန်ကရိယ၊ သရက်ရွက်၊ အဆုတ်နှင့် နှလုံးကဲ့သို့သော လူ့အင်္ဂါအစိတ်အပိုင်းများကို အလျင်အမြန် ရရှိနိုင်မှုကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကိုယ်တွင်းအင်္ဂါများ အစားထိုးကုသရေးဗဟိုဌာန ဖြစ်လာခဲ့သည်။ တခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တရုတ်တွင် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို သက်သာသောဈေးနှုန်းဖြင့် ရနိုင်သည်။

တရုတ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲမှုများ များပြားလာချိန်မှာ သိပ္ပံပညာရှင်များနှင့် ဆေးပညာရှင်များက DNA အချက်အလက်များ စုဆောင်းသည့် တရုတ်၏လုပ်ရပ်အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာကြသည်။ ကိုယ်တွင်းအင်္ဂါအဓမ္မရယူခြင်းအားတိုက်ဖျက်ခြင်းနှင့်တားဆီးခြင်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးကို စီစဉ်ကျင်းပသူများက တရုတ်အဖွဲ့အစည်းများကို သပိတ်မှောက်ရန် အဆိုပြုခဲ့ကြောင်း တိုရွန်တိုအခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required