အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ ငွေလိမ်မခံရအောင် ဘာတွေလုပ်မလဲ (ဆောင်းပါး)

အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ ငွေလိမ်မခံရအောင် ဘာတွေလုပ်မလဲ (ဆောင်းပါး)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲအဖြစ် ပြည်သူတွေ စီးပွားကျဆင်းလာတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းလိုက်ရတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ထွက်ခွာကုန်တာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတာအပြင် ရာဇဝတ်မှုတွေ ထူပြောလာတာတွေ တွေ့မြင်နေရပါတယ်။

အဲဒီလို ရာဇဝတ်မှုတွေထဲမှာ ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဓားပြတိုက်တာလို လက်ငင်းတွေ့မြင်ခံစားရတဲ့ အမှုတွေအပြင် အွန်လိုင်းကို အသုံးပြုပြီး ငွေကြေး လိမ်လည်မှုတွေလည်း ခေတ်စားလာပါတယ်။

အခုခေတ်က နည်းပညာခေတ် ဖြစ်တဲ့အတွက် နည်းပညာကို ကောင်းမွန်တဲ့ဘက်မှာ အသုံးချသူတွေ ရှိသလို၊ ရိုးအသူတွေဆီက ငွေကြေးလိမ်ညာယူဖို့ အသုံးချသူတွေလည်း ပေါ်လာပါတယ်။

ခေတ်စားခဲ့တဲ့၊ အခုထိလည်း ခေတ်စားဆဲ အွန်လိုင်းအသုံးပြုပြီး လိမ်ညာနည်းတစ်ခုကတော့ နိုင်ငံခြားသား အယောင်ဆောင်၊ စမတ်ကျကျ ဓာတ်ပုံတွေ ဖေ့စ်ဘွတ်မှာ တင်ထားပြီး လူတွေကို ချဉ်းကပ်တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required