ဖျာပုံ PDF နှင့်လူငယ်များပူးပေါင်းကာ "ဥပဒေကို စစ်ကျွန်ပြုထားသ၍ ဘယ်တော့မှ တရားမျှတမှုရှိမှာ မဟုတ်" စာတန်းချိတ်ဆွဲ

ဖျာပုံ PDF နှင့်လူငယ်များပူးပေါင်းကာ "ဥပဒေကို စစ်ကျွန်ပြုထားသ၍ ဘယ်တော့မှ တရားမျှတမှုရှိမှာ မဟုတ်" စာတန်းချိတ်ဆွဲ

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ဖျာပုံတံတားပေါ်တွင် ယနေ့ နိုဝင် ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းအချိန်က "ဥပဒေကို စစ်ကျွန်ပြုထားသ၍ ဘယ်တော့မှ တရားမျှတမှုရှိမှာမဟုတ်" စာတန်းပါဗီနိုင်းချိတ်ဆွဲကာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကို ဖျာပုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(PDFP)နှင့် လူငယ်များ ပူးပေါင်းလုပ်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု PDFP အဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်၊ မတရားသည့် အမိန့်အာဏာဟူသမျှကို ရသည့်နည်းလမ်း အသွယ် သွယ်ဖြင့် ဆန့်ကျင်ရန်နှင့် တော်လှန်ရေးအသိ၊တော်လှန် ရေးသတိအမြဲရှိရန် ရည်ရွယ်ကာ ယနေ့လှုပ်ရှားမှုကို ပြု လုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

"လူသတ်အကြမ်းဖက်အဖွဲ့ဟာ အစိုးရမဟုတ်ဘူး၊ ရွေး ကောက်ပွဲလုပ်ဖို့ အခွင့်အာဏာမရှိဘူး၊ ကျွန်တော်တို့ပြည်သူတွေအားလုံးအသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲကို ကျွန် တော်တို့ပြည်သူတွေ လက်မခံဘူး။ဒီလိုလုပ်ကိုင်ဆောင် ရွက်နေတာဟာ ပြည်သူတွေကို စစ်ကျွန်ဘဝမှာ ထာဝရ ရှိနေရအောင် ကြိုးစားအားထုတ်နေတာပဲ၊ဥပဒေကို စစ်ကျွန်ပြုထားသရွေ့ ဘယ်တော့မှ တရားမျှတမှုရှိမှာ မဟုတ်ဘူး၊ပြည်သူတွေကလည်း အရှုံးမပေး ဇွဲမလျော့ဘဲ ရတဲ့နည်းနဲ့ဆန့်ကျင်ပြီး ဆက်လက်ပူးပေါင်းဝင်ကြပါ"ဟု PDFP အဖွဲ့ဝင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly