ပါကစ္စတန်ကို စစ်ဘက်အကူအညီ ပေးအပ်ရာတွင် အမေရိကန်အနေဖြင့် သတိရှိသင့်ဟု ကျွမ်းကျင်သူများ တိုက်တွန်း

ပါကစ္စတန်ကို စစ်ဘက်အကူအညီ ပေးအပ်ရာတွင် အမေရိကန်အနေဖြင့် သတိရှိသင့်ဟု ကျွမ်းကျင်သူများ တိုက်တွန်း

အမေရိကန်အစိုးရအနေဖြင့် ပါကစ္စတန်ကို F-16 တိုက်လေယာဉ်များကဲ့သို့ နောက်ထပ် စစ်ဘက်ဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အထူးသတိရှိသင့်ပြီး သေသေချာချာ ချင့်ချိန်လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင်သူများက အစီရင်ခံစာတစ်ရပ်တွင် တိုက်တွန်းထားသည်။ ပါကစ္စတန်သည် အမေရိကန်၏ ပံ့ပိုးကူညီမှုများကို သင့်တော်လျော်ကန်စွာ အသုံးပြုလိမ့်မည်ဆိုပြီး အာမခံချက်မရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

သမ္မတ ဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန်အစိုးရသည် F-16 တိုက်လေယာဉ်များနှင့်ပတ်သက်ပြီး ပါကစ္စတန်၏ ဆန္ဒများကို လိုက်လျော ဖြည့်ဆည်းပေးခြင်းအားဖြင့် ပါကစ္စတန်၏ ကွဲအက်လွယ်သော ညွန့်ပေါင်းအစိုးရကို ပြင်ပစွက်ဖက်မှုမှ ကာကွယ်ပေးရင်း ထောက်ကူပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေနိုင်ကြောင်း ကျွမ်းကျင်သူများဖြစ်ကြသည့် ဒေါက်တာ ဆာဂျန် အမ် ဂိုဟဲလ်နှင့် မားကက်စ် အန်ဒရီယိုပေါလို့စ် တို့က War On The Rocks (WOTR) တွင် ရေးသည်။ ဒေါက်တာ ဆာဂျန် အမ် ဂိုဟဲလ်သည် အာရှ-ပစိဖိတ် ဖောင်ဒေးရှင်း think-tank အဖွဲ့ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့) မှ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်ပြီး မာကက်စ် အန်ဒရီယိုပေါလို့စ်သည် အာရှ-ပစိဖိတ် ဖောင်ဒေးရှင်းမှ အကြီးတန်း သုတေသန အသင်းဝင်ဖြစ်သည်။

သို့သော် F-16 တိုက်လေယာဉ်များနှင့်ပတ်သက်ပြီး အထောက်အပံ့ ရယူမှုကိစ္စသည် ပါကစ္စတန်နိုင်ငံတွင်း ဖြစ်ပေါ်နေသော ဖြစ်ရပ်များကို ဆက်လက် ပုံဖော်ဆဲဖြစ်ပြီး အပြောင်းအလဲမရှိဘဲ ဆက်ရှိနေသည့် စစ်တပ်၏ အကြံအစည်သာ ဖြစ်သည်။

ပါကစ္စတန်၏ လက်ရှိ F-16 တိုက်လေယာဉ်များ၏ ဝေဟင်မှ မြေပြင်ပစ် လုပ်နိုင်စွမ်းများကို မြှင့်တင်ရန် ပါကစ္စတန်ထံ ဒေါ်လာသန်း ၄၅၀ တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ရောင်းချမှုကို အမေရိကန်အစိုးရက ခွင့်ပြုပေးခဲ့သည်။

အဆိုပါ ရောင်းချမှုသည် အမေရိကန်နှင့် ပါကစ္စတန်အကြား တစ်သမတ်တည်းမရှိဘဲ အပြောင်းအလဲမြန်သော ဆက်ဆံရေးများကို မြင်တွေ့ခဲ့ရသည့် ဆယ်စုနှစ်များအတွင်း ယခုနောက်ဆုံးပေါ်ပေါက်လာသည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ဂိုဟဲလ်နှင့် အန်ဒရီယိုပေါလို့စ်တို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly