တရုတ်၏ ဖုံးဖိမှုက ကိုဗစ်-၁၉ ကပ်ရောဂါတွင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့

တရုတ်၏ ဖုံးဖိမှုက ကိုဗစ်-၁၉ ကပ်ရောဂါတွင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့

တရုတ်၏ ဖုံးဖိမှုက ကိုဗစ်-၁၉ ကပ်ရောဂါတွင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။

တရားဝင်စာရင်းများအရ လူပေါင်း ၆ သန်း သေဆုံးခဲ့ပြီး အမှန်တကယ်ကိန်းဂဏန်းများက ပိုမိုများပြားနိုင်သည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပြုလုပ်မည့် သိပ္ပံနည်းကျ စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို တရုတ်အစိုးရက သဘောတူ သင့်ပြီဖြစ်သည်။ ယင်းလျှို့ဝှက်ချက်များကို ပြန်လည်ဆန်းစစ်မှုများပြုလုပ်ရန် လိုအပ်ကြောင်း The Washington Post က ဖော်ပြခဲ့သည်။

ကပ်ရောဂါမည်ကဲ့သို့ စတင်ဖြစ်ပွားပြီး ကမ္ဘာလုံးဆိုင်ရာကပ်ဆိုးကြီးအဖြစ် မည်ကဲ့သို့ပြောင်းလဲခဲ့သည်ဆိုသော ဖြစ်ရပ်သည် လျှို့ဝှက်ချက်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

ပထမဆုံးရောဂါဖြစ်ပွားမှုများသည် ဗိုင်းရပ်စ်၏ ဇာစ်မြစ်နှင့် ပတ်သက်၍ အရေးကြီးဆုံး သဲလွန်စများကို ဖော်ပြနိုင်သော်လည်း ယင်းအကြောင်းကို အနည်းငယ်သာ သိရှိရသေးသည်။

ဝူဟန်မြို့ရှိ ဟိုင်နန်ပင်လယ်စာဈေးတွင် ရောင်းချသည့်တိရစ္ဆာန်များမှ လူကို စတင်ကူးစက်မှုဖြစ်ပွားခြင်း သို့မ ဟုတ် ဝူဟန်မြို့ရှိ သုတေသနဌာနမှ ယိုစွမ့်ထွက်ပေါ်လာခြင်းကဲ့သို့သော သုတေသနဆိုင်ရာ မတော်တဆမှုဖြစ်ကြောင့် ဖြစ်ပေါ်လာခြင်း ဟုတ်၊မဟုတ်ကို ယင်းလေ့လာမှုများက ဖော်ပြနိုင်သည်။

ပြည်သူ့ကျန်းမာရေးစနစ် အားနည်းချက်ကြောင့် အစောပိုင်းတွင် ဗိုင်းရပ်စ်ပြန့်ပွားမှုကို ဖြစ်ပေါ်စေခဲ့ရာ ကြိုတင်သတိပေးချက်နှင့် စောင့်ကြည့်ရေးစနစ်များ၏ ချို့ယွင်းချက်များကို တွေ့ရှိရပြီး အနာဂတ်အတွက် အရေးကြီးသောသင်ခန်းစာများကို ပေးနိုင်သည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာလက ဗိုင်းရပ်စ်မျှအထိ ပျံ့နှံ့ခဲ့သည်ဆိုသော အဖြေကို သိရှိနိုင်ရန် အလွန်အရေးကြီးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly