ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ပေကျင်းတွင် ပန်းခြံများကို ပိတ်လိုက်ပြီး ရှန်ဟိုင်းသို့ ဝင်ရောက်မှုကို တင်းကျပ်

ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ပေကျင်းတွင် ပန်းခြံများကို ပိတ်လိုက်ပြီး ရှန်ဟိုင်းသို့ ဝင်ရောက်မှုကို တင်းကျပ်

တရုတ်စီးပွားရေးအတွက် စိုးရိမ်ပူပန်မှု ပိုမိုဖြစ်စေပြီး အမြန်ပြန်ဖွင့်ရန် မျှော်လင့်ချက်များဝေးကွာလာစေသည့် ကိုဗစ်-၁၉ ကူးစက်မှုများ ပြန်လည်များပြားလာခြင်းအပေါ် တရုတ်အာဏာပိုင်များ ရုန်းကန်နေရသဖြင့် ပေကျင်းတွင် ပန်းခြံ များနှင့် ပြတိုက်များကို ပိတ်လိုက်ပြီး ရှန်ဟိုင်းမြို့တွင်းသို့ လူဝင်ရောက်မှုစည်းမျဉ်းများကို တင်းကျပ်လိုက် သည်။

တရုတ်တွင် နိုဝင်ဘာ ၂၁ရက်က ပြည်တွင်းကူးစက်မှုအသစ် ၂၈,၁၂၇ ခု စာရင်းရရှိခဲ့ပြီး ဧပြီလနောက်ပိုင်း နေ့စဉ်ကူးစက်မှုအများဆုံးဖြစ်လာကာ တောင်ပိုင်းကွမ်ကျိုးနှင့် ချုံကင်းမြို့တော် အနောက်တောင်ပိုင်းတို့သည် ကူးစက်မှုစုစုပေါင်း၏ ထက်ဝက်ခန့်ရှိသည်။

ပေကျင်းမြို့တွင် ရောဂါဖြစ်ပွားမှုသည် နေ့စဉ်နှင့်အမျှ အမြင့်မားဆုံးဖြစ်နေပြီး ဒေသခံများအား အိမ်တွင်း၌သာ နေထိုင်ရန်နှင့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများသို့ သွားရောက်မည်ဆိုပါက ၄၈ အတွင်း ရောဂါမရှိ ကြောင်း ဖော်ပြသည့် ကိုဗစ်-၁၉ စစ်ဆေးမှု အထောက်အထားပြရန် မြို့တော်အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုထားသည်။

ဘဏ္ဍာရေးအချက်အချာကျသော ရှန်ဟိုင်းတွင် နိုဝင်ဘာ ၂၄ရက်မှ စ၍ ၅ ရက်အတွင်း မြို့သို့ ရောက်ရှိလာသူ များသည် ဈေးဝယ်စင်တာများနှင့် စားသောက်ဆိုင်များကဲ့သို့ နေရာများအား ဝင်ရောက်ခွင့်မပြုကြောင်း နိုဝင်ဘာ ၂၂ရက်နှောင်းပိုင်းတွင် ကြေညာခဲ့သည်။

အစောပိုင်းတွင် လူ ၂၅ သန်းရှိသော မြို့တော်သည် ခရိုင် ၁၆ ခုအနက် ၇ ခုတွင် ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး နေရာများကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သည်။

လမ်းညွှန်ချက်များ ပြုပြင်ပြောင်းလဲပြီးနောက်တွင်ပင် နယ်စပ်အားလုံးကို ပိတ်ထားခြင်းအပါအဝင် တရုတ်သည် တင်းကျပ်သော ကိုဗစ်ကန့်သတ်ချက်များကြောင့် ကမ္ဘာ့နှင့် အဆက်အသွယ်ပြတ်နေသည်။

“ကျွန်မ သူငယ်ချင်းတချို့ ဒေဝါလီခံသွားတယ်၊ တချို့အလုပ်ပြုတ်သွားတယ်” ဟု အသက် ၅၀ အရွယ် ပေကျင်းမြို့ခံ အငြိမ်းစားတစ်ဦးဖြစ်သူ ကျူက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly