တရုတ်နိုင်ငံမှဝယ်ယူထားသည့် ပြေးဆွဲရန် အဆင်မပြေသော လေယာဉ်များကို နီပေါလေကြောင်းလိုင်းက ပြန်လည်ရောင်းချမည်

တရုတ်နိုင်ငံမှဝယ်ယူထားသည့် ပြေးဆွဲရန် အဆင်မပြေသော လေယာဉ်များကို နီပေါလေကြောင်းလိုင်းက ပြန်လည်ရောင်းချမည်

တရုတ်နိုင်ငံမှ ဝယ်ယူထားပြီး စက်ချို့ယွင်းမှုများနှင့် လေယာဉ်မှူးများ နည်းပါးခြင်းကြောင့် အဆိုပါ လေယာဉ်များနှင့် အပိုပစ္စည်းများကို ပြန်လည်ရောင်းချရန် နီပေါနိုင်ငံပိုင်လေကြောင်းလိုင်းက ဆုံးဖြတ်လိုက်သည်။

ရောင်းချမည့် လေယာဉ် ၅ စင်းကို ခေတ္တမန္ဒူမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာ လေဆိပ် အရှေ့ဘက်ခြမ်းရှိ ဝေးလံသည့် နေရာတွင် ရပ်နားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နီပေါလေကြောင်းလိုင်းက တရုတ်လေယာဉ်များကို အငှားချရန် စက်တင်ဘာလတွင် လေလံတင်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက် တွင် လေလံပိတ်ခဲ့သော်လည်း လေလံဝင်ပြိုင်သူမရှိသဖြင့် နောက်ဆုံးရက်ကို နိုဝင်ဘာ ၁၆ ရက်အထိ တိုးမြှင့်ခဲ့ သည်။

ယင်းသို့ သက်တမ်းတိုးသော်လည်း လေလံဆွဲသူ တစ်ဦးမှ မရှိခဲ့ခြင်းကြောင်း ယခုကဲ့သို့ ရောင်းချရန် ဆုံးဖြတ်လိုက်ကြောင်း နီပေါလေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ခက်ခါက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၀ရက် အထွေထွေရွေးကောက်ပွဲများအပြီးတွင် လေယာဉ်များ၏ ဈေးကွက်တန်ဖိုးကို ဆုံးဖြတ်ရန် နိုင်ငံတကာ အကဲဖြတ်သူတစ်ဦးကို ခန့်အပ်ရေးအတွက် အကြောင်းကြားစာ ထုတ်ပြန်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းစဉ်ပြီးမြောက်ရန် အနည်းဆုံး ၂ လ အချိန်ယူရမည်ဖြစ်ကြောင်း ခက်ခါက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly