ရေနံချောင်းမြို့နယ်တွင် လူမဲ့သပိတ်အား စစ်ကောင်စီမှလာရောက်ရှင်းလင်းစဥ် မိုင်းခွဲတိုက်ခိုက်

ရေနံချောင်းမြို့နယ်တွင် လူမဲ့သပိတ်အား စစ်ကောင်စီမှလာရောက်ရှင်းလင်းစဥ် မိုင်းခွဲတိုက်ခိုက်

မဇ္ဇျိမ။ ။မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း၌ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက လူမဲ့သပိတ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီမှလာရောက်ရှင်းလင်းချိန်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိနိုင်ကြောင်း သိရသည်။

“အင်အားက ၁၀ ယောက်လောက်ရှိမယ်။ မိုင်းခွဲလိုက်တော့ ကျတာကသုံးယောက်ဗျ။ ထိခိုက်မှုတွေတော့ ရှိနိုင်တယ်။ ဘယ်လောက်ထိခိုက်မှုရှိနိုင်တယ်လို့တော့ အတည်ပြုပြောပေးလို့မရဘူး” ဟု People Defence Force Yenangyaung အဖွဲ့တာဝန်ရှိသူကပြောသည်။

ယင်းတိုက်ခိုက်မှုကို People Defence Force Yenangyaung အဖွဲ့နှင့် Hunter Dragon Group အဖွဲ့တို့က လုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required