ဖိနှိပ်ခံ အာဖဂန်အမျိုးသမီးများ၏ ရင်ဖွင့်သံကို အများကြားသိစေနိုင်ရန် ကြိုးပမ်းမည်ဟု အီးယူပါလီမန်ဥက္ကဋ္ဌ ပြောကြား

ဖိနှိပ်ခံ အာဖဂန်အမျိုးသမီးများ၏ ရင်ဖွင့်သံကို အများကြားသိစေနိုင်ရန် ကြိုးပမ်းမည်ဟု အီးယူပါလီမန်ဥက္ကဋ္ဌ ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့သည် အမျိုးသမီးများကို ပစ်မှတ်ထားခဲ့ရုံသာမက အာဖဂန် အမျိုးသမီးများကို ပုံမှန်ဘဝဖြင့်ပင် နေထိုင်ခွင့်မပေးထားဟု ဥရောပပါလီမန်၏ ဥက္ကဋ္ဌ ရောဘတ်တို မတ်ဆိုလာက ဘရက်ဆဲလ်မြို့၌ ဥရောပသမဂ္ဂက စီစဉ်ပြုလုပ်သော ပွဲအခမ်းအနားတစ်ခုတွင် ပြောကြား လိုက်ကြောင်း Khaama Press မီဒီယာက ဖော်ပြသည်။

တာလီဘန်တို့က ကတိကဝတ်များ ပေးထားသော်လည်း စစ်ဒဏ်သင့် အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်မှု မရှိခြင်းကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ရရှိထားခဲ့သည့် တိုးတက်မှုများအပေါ် ထိခိုက်စေခဲ့ကြောင်း မတ်ဆိုလာက ပြောသည်။

အီးယူအနေဖြင့် အာဖဂန်နစ္စတန်မှ အမျိုးသမီးများ၏ ထုတ်ဖော်ရင်ဖွင့်သံများကို အများကြားသိစေရန် ကြိုးပမ်း သွားမည် ဖြစ်သလို အာဖဂန်ပြည်သူတို့၏ ကောင်းကျိုးအတွက် ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားကြောင်း မတ်ဆိုလာက ပြောသည်။

တာလီဘန် အုပ်ချုပ်မှုအောက်တွင် အာဖဂန်အမျိုးသမီးများသည် အခြေခံ လူ့အခွင့်အရေးများ ခံစားခွင့်မရဘဲ ပိတ်ပင်ခံနေရကြောင်း မတ်ဆိုလာက ပြောသည်ဟု Khaama Press က ဖော်ပြသည်။

“တာလီဘန်တွေဟာ အာဖဂန် လူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေကို မမြင်ရနိုင်အောင် လုပ်ထားခဲ့တယ်။ အီးယူအနေနဲ့ သူတို့တွေ ရှင်သန်တိုးတက်နိုင်အောင် လုပ်ဆောင်ပေးဖို့ စိတ်ပိုင်းဖြတ်ထားတယ်” ဟု မတ်ဆိုလာ က ပြောကြောင်း Khaama Press က ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required