အိန္ဒိယနယ်ခြားစောင့်တပ်က တရုတ်ထုတ် ဒရုန်းကို ပါကစ္စတန်အနီးတွင် ပစ်ချ

အိန္ဒိယနယ်ခြားစောင့်တပ်က တရုတ်ထုတ် ဒရုန်းကို ပါကစ္စတန်အနီးတွင် ပစ်ချ

အိန္ဒိယ-ပါကစ္စတန်နယ်စပ် အမ်ရီဆာမြို့ရှိ ဒေါင်ကဲ နယ်ခြားစောင့်ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၅ ရက်ည ၉ နာရီ ၅ မိနစ်ခန့်က ပါကစ္စတန်ဘက်ခြမ်းမှ ပျံသန်းလာသော မသင်္ကာဖွယ် အရာဝတ္ထု တစ်ခု၏ အသံကို ကြားရပြီးနောက် INSAS ရိုင်ဖယ်များဖြင့် ၆ ချက်ပစ်ခတ်ကာ ဒရုန်း ၁ စင်းကို ပစ်ချလိုက်သည်။

ထိုဒရုန်းသည် တရုတ်နိုင်ငံထုတ် Quadcopter DJI Matrice 300RTK အမှတ်တံဆိပ် ဒရုန်းဖြစ်ပြီး နယ်စပ်အနီးရှိ ကွင်းပြင်ထဲသို့ ပျက်ကျခဲ့သည်။ ဒရုန်းတွင် ကင်မရာအချို့တပ်ဆင်ထားသည်ကို တွေ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂ လအတွင်းက နယ်ခြားလုံခြုံရေးတပ်ဖွဲ့သည် အမ်ရီဆာဧရိယာတွင် ဒရုန်း ၃ စင်းကို ပစ်ချခဲ့သည်။ ယခုနှစ် ဇူလိုင်လအထိ အိန္ဒိယပိုင်နက်အတွင်း နယ်စပ်ဖြတ်ကျော်လာသော ဒရုန်း စုစုပေါင်း ၁၀၇ စင်းနှင့် ယမန်နှစ်က ၉၇ စင်း တွေ့ရှိခဲ့ကြောင်း BSF က ပြောသည်။ ယမန်နှစ်က ပန်ဂျပ်ပြည်နယ်တွင် အလားတူ

ဒရုန်းပျံသန်းမှု ၆၄ ကြိမ်၊ ဂျမူးဒေသတွင် ၃၁ ကြိမ်တွေ့ရှိခဲ့ပြီး ၂ ကြိမ်မှာ ဂျမူးရှိ နယ်စပ်ထိန်းချုပ်မျဉ်းကို ဖြတ်သန်းခဲ့သည်။

ဇူလိုင်အထိ ဒရုန်းပျံသန်းမှု ၁၀၇ ကြိမ်တွေ့ရှိရာတွင် ဂျမူး၌ ၁၄ ကြိမ်နှင့် ပန်ဂျပ်ပြည်နယ်တွင် ၉၃ ကြိမ်ပါဝင်သည်။

ပါကစ္စတန်နှင့် ပန်ဂျပ်ပြည်နယ်စပ်သည် ၅၅၃ ကီလိုမီတာ ရှည်လျားပြီး ဂျမူးဒေသရှိ အိန္ဒိယ-ပါကစ္စတန် နယ်စပ်တစ်လျှောက် ၁၉၈ ကီလိုမီတာအရှည်ရှိသည့် လမ်းပိုင်းကို နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ (BSF) က စောင့်ကြပ်လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required