ပါကစ္စတန် နယ်စပ် ပိတ်ထားမှုကြောင့် အာဖဂန်နစ္စတန်၌ အစားအစာဈေးနှုန်းများ မြင့်တက်နိုင်

 ပါကစ္စတန် နယ်စပ် ပိတ်ထားမှုကြောင့် အာဖဂန်နစ္စတန်၌ အစားအစာဈေးနှုန်းများ မြင့်တက်နိုင်

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား စပင် ဘိုးဒက်-ချာမန်း နယ်စပ်ဖြတ်ကျော်နေရာ ပိတ်ထားမှုကြောင့် အာဖဂန်ရှိ ဈေးများ၌ အစားအစာဈေးနှုန်းများကို မြင့်တက်စေနိုင်ကြောင်း Tolo News က ဖော်ပြသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသကို ယင်းကဲ့သို့ အချိန်ကြာပိတ်ထားခြင်းက နှစ်နိုင်ငံစလုံးအတွက် ကြီးမားသော ပြဿနာတစ်ခု ဖြစ်စေပြီး စပင် ဘိုးဒက် နယ်စပ်ဒေသသည် ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုအတွက် အချက်အချာနေရာတစ်ခု ဖြစ်သည်။

စပင် ဘိုးဒက် နယ်စပ်ဖြတ်ကျော်နေရာကို ပိတ်လိုက်ပြီးနောက် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား နယ်စပ်၏ နှစ်ဖက်စလုံးတွင် ကားများ ပိတ်မိသွားကြသည်။

ထို့အတွက်ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ကို ပြန်ဖွင့်ရန် အာဖဂန်နစ္စတန်-ပါကစ္စတန် ပူးပေါင်းကုန်သည် အသင်းအဖွဲ့က နှစ်ဖက်အစိုးရများကို တိုက်တွန်းထားသည်ဟု Tolo News က ဖော်ပြသည်။

လက်ရှိတွင် စပင် ဘိုးဒက်၌ ကားများအပြင် အာဖဂန်နိုင်ငံသား ထောင်နှင့်ချီတို့လည်း အခက်အခဲများနှင့် ကြုံနေရသည်။ ၎င်းတို့သည် အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် ပါကစ္စတန်ဘက်သို့ ဝင်ရောက်ရန် ရည်ရွယ်ပြီး စပင်ဘိုးဒက်၌ ရောက်ရှိကာ သောင်တင်ပိတ်မိနေကြခြင်း ဖြစ်သည်။

အာဖဂန်တွင် အစိုးရအပြောင်းအလဲ ဖြစ်ပြီးနောက် နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းပြည်နယ်များမှ လူအများစု အပါအဝင် အာဖဂန်မိသားစုများသည် နိုင်ငံမှ ထွက်ခွာချင်နေခဲ့ကြသည်။ သို့သော် ပါကစ္စတန်တပ်ဖွဲ့များက ၎င်းတို့ကို နိုင်ငံထဲ ဝင်ခွင့်မပြုဘဲ တားမြစ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly