ပုလဲမြို့နယ် ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ပုလဲမြို့နယ် ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

နိုဝင်ဘာလ ၂၆ ရက်

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ်ရှိ ရဲစခန်းကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၂၄ရက် ညနေ ၆နာရီခွဲခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ရှစ်ဦးခန့် ပြင်းထန်ဒဏ်ရာရရှိသည်ဟု ကနဦးသိရှိရပြီး အသေးစိတ် မသိရှိရသေးကြောင်း Chindwin Toe Na Yar PDF တပ်ဖွဲ့မှ ကိုမြက ပြောသည်။

“ကျနော်တို့ ပစ်မှတ်ထားပြီး တိုက်ခဲ့တာကတော့ ရဲစခန်း နဲ့ ထွေအုပ်ရုံးလိုမျိုး အရာတွေကို ပစ်မှတ်ထားပြီး တိုက်ခဲ့တာဗျ။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော်လောက် ကြာခဲ့ပါတယ်ဗျ။ တိုက်ပွဲမှာက ၄၀ မမ၊ ၆၀ မမ လက်နက်ကြီး တွေ ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒေသခံ တပ်ရင်းတပ်ဖွဲ့တွေ ၊ Local PDF(ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တွေနဲ့ စုပေါင်းပြီး မှ တိုက်ခိုက်ခဲ့တာပါ။ အတွင်းသတင်းအရ ပြင်းထန် ဒဏ်ရာရရှိသူ ရှစ်ဦးအထိ ရှိနေတယ်” ဟု ၎င်း က မဇ္ဈိမကို ပြောသည်။

ယင်းတိုက်ခိုက်မှုကို Chin dwin Toe Na Yar pdf၊

Chin dwin revolutionary fighters ၊ ဓါးမ‌ဆိုင်း တပ်ဖွဲ့ ၊ ကျားသစ်နက် တပ်ဖွဲ့ ၊ ပုလဲတပ်ရင်း(၈) ၊ မိုးညိုမမ တပ်ဖွဲ့ ၊ ယင်းမာပင်တပ်ရင်း(၂၈) နှင့် ပုလဲ jokef တပ်ဖွဲ့တို့က ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly