တရုတ်ကာကွယ်ရေးသိပ္ပံနှင့် နည်းပညာအဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှု လိုအပ်နေ

တရုတ်ကာကွယ်ရေးသိပ္ပံနှင့် နည်းပညာအဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှု လိုအပ်နေ

တရုတ်စစ်တပ်ကို ကမ္ဘာ့အဆင့်မီစစ်တပ်အဖြစ် အသွင်ပြောင်းရန် အစိုးရအနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် ပတ်သက်သည့် သိပ္ပံ၊ နည်းပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာစနစ်နှင့် ဖွဲ့စည်းပုံကို အဆင့်မြှင့်တင်ရန် လိုအပ်နေ သည်ဟု The Hong Kong Post က ဖော်ပြလိုက်သည်။

ယင်းတို့၏ နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးရေးစနစ်(R&D)တွင် အစိုးရသုတေသနဌာနများ၊ တက္ကသိုလ်များနှင့် စီးပွား ရေး သုတေသနဌာနများ ပါဝင်နေသော်လည်း၊တရုတ်ကာကွယ်ရေးသိပ္ပံနှင့် နည်းပညာ (S &T) အဖွဲ့အစည်းများသည် တရုတ်စစ်အင်အား၏ ကျောရိုးဖြစ်ပြီး ကာကွယ်ရေးနည်းပညာအတွက် အရေးပါဆုံး သော ရင်းမြစ်များဖြစ်သည်။

အောက်တိုဘာ ၁၆ ရက် အစောပိုင်းက တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀ မြောက် အမျိုးသား ညီလာခံတွင် တရုတ်ခေါင်းဆောင်က ကာကွယ်ရေး S နှင့် T အဖွဲ့အစည်းများကို အဆင့်မြှင့်တင်ရန် အလေးပေး ပြောကြားခဲ့သည်။

ညီလာခံတွင် မိန့်ခွန်းပြောကြားရာတွင် ရှီက "နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သည့် သိပ္ပံ၊ နည်းပညာနှင့် စက်မှုလုပ်ငန်းများ၏ စနစ်နှင့် အသွင်အပြင်ကို အဆင့်မြှင့်တင်ပြီး အဆိုပါနယ်ပယ်များတွင် စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ရေးနည်းပညာ ပြုပြင်ပြောင်းလဲမှုသည် ကွန်မြူနစ်ပါတီအတွက် ထိပ်တန်း ရည်မှန်းချက်တစ်ခု ဖြစ်နေဆဲဖြစ်ပြီး တရုတ်က စစ်တပ်ကို ကမ္ဘာအဆင့်မီ စစ်တပ်အဖြစ် ပြောင်းလဲရန် ဆက်လက် အဆင့် မြှင့်တင်သွားမည် ဖြစ်သည်။

ယင်းအဖွဲ့အစည်းများသည် တရုတ်အတွက် မရှိမဖြစ်လိုအပ်နေသော်လည်း ပြဿနာများ အမြဲရှိနေသည်။

တရုတ်က ကာကွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းရည်မြှင့်တင်ရန် ယင်းပြဿနာများကို စစ်မှန်သော စနစ်ပြုပြင်ပြောင်းလဲမှုဖြင့် ဖြေရှင်းရမည်ဖြစ်သည်။

တရုတ်ကာကွယ်ရေးဌာန S နှင့် T အဖွဲ့အစည်းများသည် ယင်းတို့၏ မိခင်စီးပွားရေးလုပ်ငန်းများကဲ့သို့ပင် ဆန်းသစ်တီထွင်မှုအတွက် မက်လုံးများ ရှားပါးလာခြင်းနှင့် ထိရောက်မှု မရှိခြင်းတို့ကို ကြုံတွေ့နေရသည်။

ယင်းတို့ကို ကွန်မြူနစ်စနစ်နှင့်အညီ “အများပြည်သူဆိုင်ရာ အဖွဲ့အစည်း” အဖြစ် ခွဲခြားသတ်မှတ်ထားသဖြင့် တရုတ်အစိုးရသည် ယင်းတို့၏ ပိုင်ဆိုင်မှု၊ ဘဏ္ဍာရေးနှင့် လုပ်သားအင်အားအပေါ် အခွင့် အာဏာရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly