တရုတ်သမ္မတရှီကျင့်ဖျင် တတိယအကြိမ် ရာထူးသက်တမ်းရယူခြင်းက ကမ္ဘာ့နိုင်ငံရေးတွင် ခြိမ်းခြောက် အကျပ်ကိုင်သော မူဝါဒများ ဆက်လက်တည်ရှိနေမည်ကို ဖော်ပြနေ

တရုတ်သမ္မတရှီကျင့်ဖျင် တတိယအကြိမ် ရာထူးသက်တမ်းရယူခြင်းက ကမ္ဘာ့နိုင်ငံရေးတွင် ခြိမ်းခြောက် အကျပ်ကိုင်သော မူဝါဒများ ဆက်လက်တည်ရှိနေမည်ကို ဖော်ပြနေ

တရုတ်သမ္မတ ရှီကျင့်ဖျင်အား တတိယအကြိမ်ရာထူးသက်တမ်းအတွက် ခန့်အပ်ခြင်းသည် ကမ္ဘာ့နိုင်ငံရေးတွင် တရုတ်၏ ခြိမ်းခြောက်အကျပ်ကိုင်သောမူဝါဒများ ဆက်လက်တည်ရှိနေမည်ကို ညွှန်ပြနေပြီး အဆိုပါ မူဝါဒသည် ကမ္ဘာ့အရေးတွင် သူ၏ အဓိကကျသော မူဝါဒဖြစ်ကြောင်း Geo Politica က ဖော်ပြသည်။

ကိုဗစ်-၁၉က သမားရိုးကျနိုင်ငံရေးနည်းလမ်းများနှင့် နိုင်ငံအချင်းချင်း လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများကို အနှောင့်အယှက်ဖြစ်စေသော်လည်း တရုတ်က စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကျပ်ကိုင်မှုများကို ဆက်လက် ကျင့်သုံးနေနိုင်သည်။

တရုတ်အကျပ်ကိုင်မှုသည် ယင်း၏ တင်းကျပ်စွာထိန်းချုပ်မှုကို အားကောင်းစေခဲ့ကြောင်း သတင်းက ဆိုသည်။ ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်ရှိ နိုင်ငံများသည်"တရုတ်၏ ဆိုးရွားသော အပြုအမူ၏ သားကောင်များ" ဖြစ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

ရှီ၏ သက်တမ်းအတွင်း တရုတ်၏ “အကျပ်ကိုင်မူဝါဒများ”သည် သြစတြေးလျ၊ သီရိလင်္ကာ၊ ဥရောပနိုင်ငံ အချို့နှင့် ပါကစ္စတန်အထိ ရောက်ရှိခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က သြစတြေးလျနှင့် တရုတ်နိုင်ငံ ဆက်ဆံရေးသည် ခိုင်မာခဲ့ပြီး သြစတြေးလျသည် အမေရိကန်နှင့် နှိုင်းယှဉ်ပါက တရုတ်နှင့် ပိုမိုနီးစပ်သည်ဟု ရှုမြင်ခံခဲ့ရသည်။

သို့သော် သြစတြေးလျက ကိုဗစ်-၁၉ ၏ ဇာစ်မြစ်ကို စုံစမ်းရန် တောင်းဆိုသည့်အတွက် တရုတ်၏ စီးပွားရေး အကျပ်ကိုင်မှု၏ အကြီးမားဆုံးပစ်မှတ်ဖြစ်လာခဲ့ကြောင်း Geo Politica က ဖော်ပြခဲ့သည်။

သြစတြေးလျနှင့် တရုတ်အကြား နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာသော်လည်း တရုတ်က တင်းကျပ်သောမူဝါဒများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

"တရုတ်စီးပွားရေးသည် အရင်းအမြစ် ပို၍ရှားပါးလာမှုကြောင့် မကြာမီကာလအတွင်း အကျပ်ကိုင်မှု ပိုများလာ မည်" ဟု နိုင်ငံတကာမူဝါဒတွေးခေါ်ပညာရှင်အဖွဲ့ဖြစ်သည့် Lowy Institute က ပြောကြားခဲ့သည်။

တရုတ်က မြေရှားသတ္တုများကို လက်ဝါးကြီးအုပ်ပြီး ပြိုင်ဘက်များနှင့် ထိန်းချုပ်ရေးအတွက် သြဇာလွှမ်းမိုးရေး လက်နက်အဖြစ်အသုံးပြုလျက်ရှိသည်။

တရုတ်က ဂျပန်သို့ ယင်းသတ္တုများထောက်ပံ့မှုကို ရပ်တန့်ခဲ့ပြီး အမေရိကန်နှင့် သြစတြေးလျကိုလည်း အလားတူအစီအမံများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required