ဗြိတိန်စီးပွားရေးလုံခြုံမှုကို တရုတ်က အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း ဝန်ကြီးချုပ် ပြောကြား

ဗြိတိန်စီးပွားရေးလုံခြုံမှုကို တရုတ်က အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း ဝန်ကြီးချုပ် ပြောကြား

ဗြိတိန်နိုင်ငံ၏ တန်ဖိုးများကို တရုတ်က အကွက်ကျကျစိန်ခေါ်နေပြီး မိမိတို့ စီးပွားရေးဆိုင်ရာလုံခြုံမှုအတွက် အကြီးမားဆုံး နိုင်ငံတော်အဆင့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဆူနပ်ခ်က ပြောကြားလိုက်သည်။

တရုတ်က တိုက်ခိုက်လာပါက ထိုင်ဝမ်အနေဖြင့် ခုခံကာကွယ်ရန် ဗြိတိန်က လက်နက်များပေးပို့ရေး စဉ်းစားသွား မည်ဖြစ်ကြောင်း ဆူနပ်ခ်က ပြောကြားခဲ့သည်။

တရုတ်ကို ခြိမ်းခြောက်မှုအဖြစ် တရားဝင်သတ်မှတ်ရန် ရည်ရွယ်ခြင်းရှိ၊ မရှိ ထုတ်ဖော်ပြောဆိုရန် ၎င်းက ငြင်းဆိုခဲ့သလို ယခင်ဝန်ကြီးချုပ်ဟောင်း လစ်ထရပ်စ်ကလည်း တရုတ်ကို ပိုမိုပျော့ပျောင်းစွာချည်းကပ်ရန် ဆန္ဒရှိခဲ့သည်။

တရုတ်သည် ဗြိတိန်အတွက် အကြီးမားဆုံးသော ကာလရှည်ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဝန်ကြီးချုပ်ဟောင်း လစ်ထရပ်စ်က ပြောကြားပြီး ဗြိတိန်ရှိ ကွန်ဖြူး ရှပ်ဋ္ဌာန ၃၀ ကိုလည်း ပိတ်ပစ်မည်ဟု ကတိပေးခဲ့သော်လည်း

နွေရာသီတွင် ၎င်း၏ မအောင်မြင်သော တိုရီပါတီခေါင်းဆောင်မှု စည်းရုံရေးလှုပ်ရှားမှု နောက်ပိုင်း လေသံ ပြောင်းသွားခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဆာအိန်းဒန်ကန်က ယင်းလုပ်ရပ်နှင့် ပတ်သက်၍ တစ်ဆစ်ချိုးကွေ့ပါက လုံးဝမှားမည်ဟု ဝန်ကြီးချုပ်ကို သတိပေးခဲ့သည်။

“ဒါပေမယ့် တရုတ်က ကမ္ဘာ့စီးပွားရေးရဲ့ ငြင်းပယ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ရာသီဥတုဖောက်ပြန်မှု၊ ပြည်သူ့ကျန်းမာရေးလိုမျိုး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ ဒါမှမဟုတ် ရုရှားနဲ့ ယူကရိန်းလို ကိစ္စတွေမှာ သူတို့နဲ့ ဆွေးနွေးမှုမရှိဘဲ ကျွန်တော်တို့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

“တရုတ်က ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုနဲ့ အကျိုးစီးပွားကို အစီအစဉ်တကျ စိန်ခေါ်နေပြီး ဒါက ကျွန်တော် တို့ရဲ့ စီးပွားရေးလုံခြုံရေးအတွက် အကြီးမားဆုံး နိုင်ငံတော်အခြေပြုခြိမ်းခြောက်မှုဖြစ်တယ်လို့ ကျွန်တော်မြင်ပါ တယ်” ဟု ၎င်းနှင့် အတူ အင်ဒိုနီးရှားသို့ သွားရောက်သည့် သတင်းထောက်များအား ဆူနပ်ခ်က ပြောကြား ခဲ့သည်။

"ကျွန်တော်မြင်သလိုမျိုးပဲ မိမိတို့ မဟာမိတ်တွေကလဲ မြင်တယ်လို့ ထင်ပါတယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required