မြင်းခြံမြို့နယ် စံပြကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

မြင်းခြံမြို့နယ် စံပြကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

နိုဝင်ဘာလ ၂၄ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြကျေးရွာအုပ်ချုပ်ရေးမှူး ကိုကျော်မင်းကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု မြင်းခြံခရိုင် အမှတ်(၅)တပ်ရင်း၊ တပ်ခွဲ (၂)၊ MGN 35 ပြောက်ကျားတပ်ဖွဲ့က ယနေ့နိုင်ဝင်ဘာလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသည် စစ်အာဏာသိမ်းမှုကို ထောက်ခံအားပေးရုံသာမက စစ်ကောင်စီတပ်သားများ စံပြကျေးရွာတွင်တပ်စွဲရန် အဓိကခေါ်ဆောင်သူဖြစ်သည်ဟု MGN 35 ပြောက်ကျားတပ်ဖွဲ့မှ ကိုနွေမိုက်က ပြောသည်။

“သူ့ကြောင့်တစ်ရွာလုံးရော တစ်မြိုနယ်လုံးပါ ဒုက္ခရောက်ပါတယ်ဗျ။ သူ့မှာ အရင်က တပည့်တွေရှိပါတယ်။ တပည့်တွေက ဆရာ၊ ဆရာမ တွေလည်းရှိတယ်။သူ့တပည့် CDM လုပ်တဲ့ ဆရာ ဆရာမတွေကို သူကိုယ်တိုင် စခ(စစ်ကောင်စီတပ်)တွေကို တိုင်တယ်။ Non CDM လုပ်ဖို့ကိုလည်း ခြိမ်းခြောက်ပြီး ဖိအားပေးပါတယ်ဗျ။ ကျနော်တို့မရှင်းခင်နေ့ခင်းပိုင်းက CDM အယောက်၅၀၀ ကို ကျော်တိုင်ပါသေးတယ်ဗျ” ဟု MGN 35 ပြောက်ကျားတပ်ဖွဲ့မှ ကိုနွေမိုက်က မဇ္ဈိမကိုပြောသည်။

ပြည်သူများအား အမျိုးမျိုး ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများအား နောက်ကွယ်မှ လုပ်ဆောင်သည့် ဦးကျော်မင်းကိုသည် နိုဝင်ဘာလ ၄ ရက်နေ့ ည၇နာရီ ၁၅မိနစ်တွင် ၎င်းနေအိမ်၌ ပစ်ခတ်ခံရ၍ နေရာတွင်ပင်သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ၎င်းတို့ခန့်ထားသည့် အုပ်ချုပ်ရေးမှူးများအား ရှင်းလိုက်လျှင် အပစ်မဲ့ပြည်သူများကို ရန်ငြိုးဖွဲ့ တစ်စုံတစ်ခုပြုလုပ်လာမည်ကိုစိုးရိမ်သည့်အတွက်ကြောင့် ယနေ့မှသတင်းထုတ်ပြန်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“အရင်ကအဲ့ရွာမှာ အုပ်ချူပ်ရေးမှူးတစ်ယောက်ရှိပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးလည်း သူပဲထိုးတင်ထားပြီး သူကကြိုးကိုင်ပါ ။ ” ဟုလည်း ကိုနွေမိုက်က ဆက်ရှင်းပြသည်။

အိမ်ခြေ ၅၀၀ခန့်ရှိသည့် စံပြကျေးရွာတွင်

ထိုအုပ်ချုပ်ရေးမှူရှင်းလင်းခံရသည့်နောက် စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေး တပ်စွဲခြင်းများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ရွာထဲ၌ တပ်စွဲထားခြင်းမရှိကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly