အမေရိကန်က အိန္ဒိယကို ဆက်ဆံသလို ပါကစ္စတန်အပေါ် တန်းတူရည်တူ ဆက်ဆံရေးကို မြင်တွေ့လိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြော

အမေရိကန်က အိန္ဒိယကို ဆက်ဆံသလို ပါကစ္စတန်အပေါ် တန်းတူရည်တူ ဆက်ဆံရေးကို မြင်တွေ့လိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြော

အမေရိကန်သည် အိန္ဒိယနှင့် “ဂုဏ်သိက္ခာရှိ သော ဆက်ဆံရေး” တစ်ခု ရှိသကဲ့သို့ ပါကစ္စတန်အပေါ်တွင်လည်း ထိုကဲ့သို့ တူညီသော ပုံစံမျိုးဖြင့် ဆက်ဆံသည်ကို မြင်တွေ့လိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ပြောကြားလိုက်သည်။

အိန္ဒိယနှင့် အမေရိကန်အကြား ဆက်ဆံရေးက “အလွန်သိက္ခာရှိသော ဆက်ဆံရေး” မျိုးဖြစ်ကြောင်း အီမရန် ခန်းက မကြာသေးခင်က ဗြိတိန်အခြေစိုက် Financial Times သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

“ကျွန်တော့်အနေနဲ့ကတော့ အမေရိကန်ဘက်က ကျွန်တော်တို့နိုင်ငံနဲ့ ဆက်ဆံရာမှာ အိန္ဒိယနဲ့ သူတို့ ဆက်ဆံသလိုမျိုး သိက္ခာရှိရှိနဲ့ ဆက်ဆံတာကို လိုချင်ပါတယ်။ အိန္ဒိယဟာ အမေရိကန်နဲ့ အင်မတန့်ကို သိက္ခာရှိတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာပါ” ဟု ခရစ်ကက် ကစားသမားဟောင်း ခန်းက ပြီးခဲ့သည့်သီတင်းပတ် Financial Times သတင်းစာနှင့် အင်တာဗျူးတွင် ပြောသည်။

အမေရိကန်အစိုးရသည် မိမိကို ပါကစ္စတန်ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားရန် လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့ကြောင်း ပြီးခဲ့သော လအနည်းငယ်အကြာက အီမရန် ခန်းက ပြောခဲ့သေးသည်။

ယူကရိန်းစစ်ပွဲ ရှိနေသော်လည်း ရုရှားထံမှ ရေနံ တင်သွင်းသည့် အိန္ဒိယ၏ ဆုံးဖြတ်ချက်ကို ခန်းက ရည်ညွှန်း ပြောကြားခဲ့ရာတါင် အိန္ဒိယအစိုးရသည် အမေရိကန်ထက် ၎င်းတို့ ပြည်သူများအတွက်ကိုသာ ဦးစားပေးကာ ကြောင်း ခန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required