ဝီဂါအမျိုးသမီးများကို တရုတ်အစိုးရက အတင်းအကျပ်လက်ထပ်စေခြင်းနှင့်ဆိုင်သည့် အစီရင်ခံစာအသစ် ထုတ်ပြန်

By Tibet rights collective
23 November 2022
ဝီဂါအမျိုးသမီးများကို တရုတ်အစိုးရက အတင်းအကျပ်လက်ထပ်စေခြင်းနှင့်ဆိုင်သည့် အစီရင်ခံစာအသစ် ထုတ်ပြန်

တရုတ်အစိုးရပိုင်မီဒီယာနှင့် မူဝါဒစာရွက်စာတမ်းများ၊ အစိုးရက အတည်ပြုထားသော ကိုယ်ရေးအကျဉ်း၊ သက်သေခံချက်များနှင့် နိုင်ငံတကာရောက် ဝီဂါအမျိုးသမီးများ၏ အကောင့်များကို အခြေခံ၍ ဝီဂါဒေသတွင် ၂၀၁၄ခုနှစ်ကတည်းက မက်လုံးပေးကာ လက်ထပ်စေခြင်းနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခြင်းများကို တရုတ်အစိုးရက ဖိအားပေးလုပ်ဆောင်နေကြောင်း ဝီဂါလူ့အခွင့် အရေးစီမံကိန်းအဖွဲ့ (UHRP) က ပြောကြား လိုက်သည်။

ဝီဂါအမျိုးသမီးများကို အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခြင်း- အရှေ့တာကစ္စတန် သွေးနှောလက်ထပ် ထိမ်းမြား ခြင်းဆိုင်ရာ ပြည်နယ်မူဝါဒများအမည်ရသည့် အစီရင်ခံစာတွင် အရှေ့တာကစ္စတန်တွင် သွေးနှောခြင်းကို အားပေးမှုနှင့် ဟန်အမျိုးသားများနှင့် ဝီဂါအမျိုးသမီးများဖိအားပေး သွေးနှောလက်ထပ်မှုများ တွင် ပါဝင်နေသည့် ပါတီနှင့် နိုင်ငံတော်၏ အခန်းကဏ္ဍကို ဆန်းစစ်ထားသည်။

ဟန်တရုတ်လူ့အဖွဲ့အစည်းနှင့် ဝီဂါများအား ပေါင်းစည်းရန် အတင်းအကျပ် သွေးနှော လက်ထပ်ထိမ်းမြားခြင်း လှုပ်ရှားမှုတွင် တရုတ်ပါတီနှင့် နိုင်ငံတော်က တက်ကြွစွာ ပါဝင်နေကြောင်း သက်သေပြရန် ခိုင်လုံသော အထောက် အထားများကို ဝီဂါလူ့အခွင့် အရေးစီမံကိန်းအဖွဲ့ (UHRP) က တင်ပြထားသည်။

" သက်ဆိုင်ရာနိုင်ငံတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက အရေးယူဆောင်ရွက်ဖို့ တောင်းဆိုထားတဲ့ အခြား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဒီအစီရင်ခံစာက အလေးထားဖော်ပြပေးထားပါ တယ်" ဟု UHRP ၏ အမှုဆောင်ဒါရိုက်တာ အိုမာကန်နက်က ပြောကြားခဲ့သည်။

“ ဝီဂါလူမျိုးတုန်းသတ်ဖြတ်မှုတွေမှာ တရုတ်အစိုးရက အမျိုးသမီးတွေကို ပစ်မှတ်ထားနေပါတယ်”

အရှေ့တာကစ္စတန်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် အစိုးရများနှင့် ကုလသမဂ္ဂက ရှုတ်ချထားသည်။

ဝီဂါနှင့် အခြားသောတူရကီအမျိုးသမီးများ ခံစားနေရသော အတင်းအကျပ် မက်လုံးပေး ထိမ်းမြားခြင်းအတွက် တာဝန်ယူရေးအတွက် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများကို ပြုလုပ်ရန် UHRP က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly