တရုတ်သမ္မတနှင့် ဂျပန်ဝန်ကြီးတို့ ဒေသတွင်း လုံခြုံရေးအခြေအနေကို ဆွေးနွေး

တရုတ်သမ္မတနှင့် ဂျပန်ဝန်ကြီးတို့ ဒေသတွင်း လုံခြုံရေးအခြေအနေကို ဆွေးနွေး

တရုတ်၏ ရေပိုင်နက်ဆိုင်ရာ မျှော်မှန်းချက်များနှင့် ပတ်သက်၍ အာရှဒေသ၌ ဆက်ဆံရေး တင်းမာမှုများ ပိုမို ဆိုးရွားလာနေချိန်တွင် ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက နိုဝင်ဘာ ၁၇ရက်တွင် တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

တရုတ်နှင့် ဂျပန်တို့သည် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း ပေါင်းစည်းရေးအတွက် နက်ရှိုင်းစွ​​​​​ာ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ ပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို တွန်းလှန်သင့်သည်ဟု ကီရှီဒါအား သမ္မတရှီက ပြောကြားခဲ့ကြောင်းကို တရုတ်အစိုးရပိုင် CCTV မှ ကိုးကားဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်း အဝေး၏ ပူးတွဲအစည်းအဝေးတွင် ၎င်းတို့ ၂ ဦးတွေ့ဆုံမှုသည် ၃ နှစ်နီးပါးအတွင်း တရုတ်နှင့် ဂျပန်တို့အကြား ပထမဆုံးသော ခေါင်းဆောင် အဆင့် ဆွေးနွေးပွဲလည်း ဖြစ်သည်။

ထိုင်ဝမ်အား ယင်း၏ ထိန်းချုပ်မှုအောက်တွင် ထားရှိရန် အင်အားအသုံးပြုမည်ဖြစ်ကြောင်း တရုတ်က ပြောကြား ထားပြီး သြဂုတ်လတွင် ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်ရှိ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရသည် တရုတ်၏ တောင်းဆိုချက်များကို ပယ်ချပြီး ထိုင်ဝမ်အနာဂတ်ကို ပြည်သူကသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆိုထားသည်။

"ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရဲ့ အရေးပါမှုကို ကျွန်တော် ထပ်လောင်းပြောကြားခဲ့ပါတယ်" ဟု ကီရှီဒါက ထိပ်သီးအစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး ၎င်း၏ စိုးရိမ်မှုများကို တရုတ်က မည်သို့တုံ့ပြန်မည်ကို မပြောကြားခဲ့ပေ။

တရုတ်-ဂျပန်ဆက်ဆံရေး၏ အခြေခံယုံကြည်မှုနှင့် နိုင်ငံရေးအခြေခံအုတ်မြစ်အပေါ် သက်ရောက်နိုင်မှုကြောင့် ထိုင်ဝမ်အရေးကို ကောင်းမွန်မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ရှီက ကီရှီဒါအား ပြောကြားခဲ့ သည်ဟု CCTV တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly