တရုတ်နှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ထိုင်ဝမ်က စစ်ဘက်ဆိုင်ရာ ဒရုန်းများကို ထုတ်ပြ

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ထိုင်ဝမ်က စစ်ဘက်ဆိုင်ရာ ဒရုန်းများကို ထုတ်ပြ

တရုတ်က ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်ရန် ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်က ပြည်တွင်းနည်းပညာဖြင့် တီထွင်ထုတ်လုပ်ထားသော ဒရုန်းအမျိုးအစားကို နိုဝင်ဘာ ၁၅ရက်က ထုတ်ဖော်ပြသလိုက်သည်။

စစ်ဘက်ဆိုင်ရာနည်းပညာကို တီထွင်သည့် နိုင်ငံပိုင်ချန်ဆန်းသိပ္ပံနှင့် နည်းပညာအင်စတီကျူက ရန်သူ ရေဒါများကို ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားသော Jian Xiang ဒရုန်းနှင့် အခြားမောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်များကို ရှားရှားပါးပါး ထုတ်ပြခဲ့ခြင်ိးဖြစ်သည်။

အဆိုပါ ဒရုန်းတွင် အသင့်တပ်ဆင်ထားသော ဒုံးပျံဖြင့် ပစ်လွှတ်ပြီး ပစ်မှတ်များကို မတိုက်ခိုက်မီ ပန်ကာအင်ဂျင်က ထိန်းကြောင်း ပေးသည်။

မိမိကိုယ်ကို မိမိယုံကြည်မှုရှိသော မည်သည့်နိုင်ငံမဆို မဟာဗျူဟာများ ချမှတ်ပြီးကာကွယ်ရေး နည်းပညာများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိမ့်မည်ဟု အင်စတီကျူ၏ လေကြောင်းစနစ်သုတေသနဌာနမှ ဒါရိုက်တာချီလီပင်က ပြောကြားခဲ့သည်။

မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များသည် “အနာဂတ်တွင် ပိုမိုအသုံးပြုလာမည်” ဟု ချီက ဆိုသည်။ "ဒါကြောင့် ကျွန်တော်တို့ အဲဒါနဲ့ ပတ်သက်ပြီး သုတေသနလုပ်နေပြီး မဟာဗျူဟာအချို့ ချမှတ်နေပါတယ်။"

ထိုင်ဝမ်စစ်တပ်က မှာယူထားသော ရဟတ်ယာဉ်ဒရုန်း အစင်းရေ ၁၀ဝ အနက် ပထမဆုံး အသုတ် ဒရုန်းများကို အောက်တိုဘာလတွင် အင်စတီကျူမှ စတင်ပေးပို့ခဲ့သည်။

ထိုင်ဝမ်က အမေရိကန် MQ-9 Reaper မောင်းသူမဲ့လေယာဉ်နှင့် ဆင်တူသည့် Teng Yun ကိုလည်း တီထွင်ခဲ့ပြီး အမြင့်တွင် ၂၄ နာရီအထိ နေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly