ရွာပေါင်းစုံ သပိတ်ကော်မတီမှ ကျောင်းသားကလေးငယ်များကို ကျန်းမာရေးစောင့်ရှောက်

ရွာပေါင်းစုံ သပိတ်ကော်မတီမှ ကျောင်းသားကလေးငယ်များကို ကျန်းမာရေးစောင့်ရှောက်

နိုဝင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင် ၊ ဆားလင်းကြီးမြို့နယ် ရွာပေါင်းစုံ သပိတ်ကော်မတီဝင်များမှ ယင်းမာပင်မြို့နယ်အတွင်း ကျောင်းတစ်ကျောင်းရှိ ကျောင်းသားများကို နိုဝင်ဘာလ ၂၃ရက် ယနေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း ၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း ကော်မတီဝင်တစ်ဦးမှ ပြောကြားသည်။

အလှူရှင်များ၏ စေတနာဖြင့်ထည့်ဝင်သော ကောင်းမှုများဖြင့် ယနေ့ပြုလုပ်သော ကျောင်းကျန်းမာရေးစောင့်ရှောက်မှုအစီစဉ်မှာ ၁၀ကျောင်းမြောက် လှုပ်ရှားမှုဖြစ် ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly