အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဒါရိုက်တာ ကိုပေါက်ရိုက်ကူးခဲ့သည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ပြသမည်

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဒါရိုက်တာ ကိုပေါက်ရိုက်ကူးခဲ့သည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ပြသမည်

နိုဝင်ဘာလ ၂၃ ရက်

ရုပ်ရှင်ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို အိန္ဒိယနိုင်ငံနယူးဒေလီမြို့တွင် နိုဝင်ဘာလ ၂၆ ရက် တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို နယူးဒေလီမြို့ Budella MCD Hall တွင် မွန်းလွဲ၂ နာရီနှင့် ညနေ ၆ နာရီ တို့တွင် ပြသသွားမည်ဖြစ်ပြီး အစီစဉ်ဖြစ်မြောက်ရေးအတွက် နယူးဒေလီရောက် မြန်မာ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် Spring Revolution လိုဂိုပါတီရှပ်များနှင့် အိတ်အမျိုးမျိုးကို ရန်ပုံငွေရရှိရေးအတွက် ရောင်းချသွားရန် ပြင်ဆင်ထားပြီး မြန်မာ့ရိုးရာ အစားအသောက်များကိုလည်း ရုပ်ရှင်ပြပွဲတွင် ခင်းကျင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်ကြေးလက်မှတ်တစ်စောင်ကို ရူပီး ၂၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ရရှိလာသော ရန်ပုံငွေများကို ဒါရိုက်တာ ကိုပေါက်ထံ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က တောတွင်း တစ်နေရာတွင် ဖုန်းကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။

မူလက ယခုရုပ်ရှင်ကို မြို့ကြီး လေးမြို့၏ ရုံ လေးရုံတွင် ပြသမည်ဟု ကြေညာခဲ့သော်လည်း ယခု မြို့ကြီး ၃၂ မြို့တွင် ပွဲစဉ်ပေါင်း ၅၀ ကျော် ပြသခဲ့ရသည့် အဆင့်ဖြစ်သွားပြီဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly