တရုတ်ကဲ့သို့ အိန္ဒိယစစ်တပ်ကလည်း အခြေခံအဆောက်အအုံများ တည်ဆောက်

တရုတ်ကဲ့သို့ အိန္ဒိယစစ်တပ်ကလည်း အခြေခံအဆောက်အအုံများ တည်ဆောက်

အရှေ့ပိုင်းလာဒတ်ဒေသရှိ အစစ်အမှတ်ထိန်းချုပ်မျဉ်း (LAC)တစ်လျှောက်တွင် တရုတ်က စစ်စခန်းများ တည် ဆောက်နေကြောင်း သတင်းများထွက်ပေါ်နေချိန်၌ အိန္ဒိယစစ်တပ်ကလည်း တင့်ကား အစီးရေ ၄၅၀ နှင့် တပ်ဖွဲ့ဝင် ၂၂၀ဝဝ ကျော်အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခဲ့ကြောင်း ကာကွယ်ရေး သတင်းရင်းမြစ်များက ဆိုသည်။

အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံအတွင်းရှိနေသည့် ပန်ဂုံဆိုရေကန်တွင် တရုတ်၏ ရန်လိုသည့်လှုပ်ရှားမှုများကို တန်ပြန်ရန် အိန္ဒိယအင်ဂျင်နီယာတပ်များသည် အရှေ့ပိုင်းလာဒတ်တွင် ကမ်းတက်ယာဉ်အသစ်များကို စတင် အသုံးပြုခဲ့ပြီး လူနှင့် စက်ပစ္စည်းများ၏ ကင်းလှည့်နိုင်စွမ်းနှင့် ထိုးဖောက်မှုကို ပိုမိုအားကောင်းရန် လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

တိုက်ခိုက်ရေးယာဉ်တွင် တပ်ဖွဲ့ဝင် ၃၅ ဦး သို့မဟုတ် တပ်ဖွဲ့ဝင် ၁၂ ဦးပါရှိသည်။

"တပ်ဖွဲ့ဝင် ၂၂၀ဝ၀ နှင့် မော်တော်ယာဉ်နှင့် လက်နက် ၄၅၀ခန့်အတွက် ပစ္စည်းများအပါအဝင် နေအိမ်နှင့် နည်းပညာအဆောက်အအုံများ ပြီးခဲ့သည့် ၂ နှစ်အတွင်း တည်ဆောက်ခဲ့သည်။"

လုပ်ဆောင်ဆဲစီမံကိန်းများ ပြီးစီးသွားသဖြင့် လက်ရှိလုပ်ငန်းရာသီတွင် ကာကွယ်ရေး ပြင်ဆင်မှုတိုးတက် ကောင်းမွန်လာစေရန် အမြဲတမ်းခံတပ်နှင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန် အာရုံစိုက်လုပ်ကိုင် နေကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

"3D-ပုံနှိပ်ထားသော အမြဲတမ်းခံတပ်ကို ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ အိန္ဒိယစစ်တပ်အင်ဂျင်နီယာ တပ်မှ ပထမဆုံးအကြိမ် တည်ဆောက်တာပါ။ ဒီခံတပ်တွေက လက်နက်ငယ်ကနေ T90 တင့်ကားရဲ့ ပင်မသေနတ်

အထိ ခံနိုင်ရည်ရှိတာကို စမ်းသပ်ချက်အရ တွေ့ရှိခဲ့ပါတယ်။" ဟု နယ်နိမိတ်တစ်လျှောက် အမြဲတမ်းခံတပ်များ တည်ဆောက်နေသည့်အကြောင်းကို အိန္ဒိယကြည်းတပ်မှ အင်ဂျင် နီယာချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဟာပယ်ဆင်းက ပြောကြားခဲ့သည်။

အဆိုပါ ခံတပ်များသည် ပေါက်ကွဲမှုများကို ခံနိုင်ရည်ရှိပြီး ၃၆ နာရီမှ ၄၈ နာရီအတွင်း တည်ဆောက်နိုင်ကာ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

"အလားတူအမြဲတမ်းခံတပ်တွေနဲ့ ပတ်သက်ပြီး စမ်းသပ်မှုကို အရှေ့ပိုင်းလာဒတ်မှာ ပြုလုပ်ခဲ့ပြီး အသုံးဝင် ကြောင်းတွေ့ရှိရပါတယ်" ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly