ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံ မြန်မာလုပ်သား ၂၀၀ ကျော် မြန်မာနိုင်ငံသို့ပြန်ပို့

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံ မြန်မာလုပ်သား ၂၀၀ ကျော် မြန်မာနိုင်ငံသို့ပြန်ပို့

နိုဝင်ဘာလ ၂၁ ရက်

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီး ပြစ်ဒဏ်ကျခံထားရသည့် မြန်မာလုပ်သား ၂၀၀ ကျော်ကို လွတ်ရက်စေ့၍ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း အလုပ်သမား သံအရာရှိရုံးထံမှ သိရသည်။

အဆိုပါ မြန်မာလုပ်သား ၂၁၀ ဦးသည် ယနေ့ နိုဝင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ရနှောင်းမြို့မှတစ်ဆင့် ရေလမ်းခရီးဖြင့် ကော့သောင်းမြို့ကို နေရပ်ပြန် ပို့ဆောင်ပေးခဲ့သည်ဟု အလုပ်သမား သံအရာရှိရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလုပ်သမား သံအရာရှိရုံးမှ တာဝန်ရှိသူက “ဒါကတော့ ပုံမှန်ထိုင်းနိုင်ငံထဲမှာ တရားမဝင် လမ်းကြောင်းကနေ ခိုးဝင်လာလို့ ဖမ်းဆီးခံရသူတွေ ဖြစ်တယ် ဒီလထဲမှာ ပထမဆုံး အသုတ်ဖြစ်တယ်”ဟု ပြောသည်။

ယခုလွတ်မြောက်လာသည့် မြန်မာလုပ်သားများ သည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အချုပ်ထောင်မှ ပြစ်ဒဏ်ကျခံရပြီး နေရပ်ပြန်ပို့ခံရသူများ ဖြစ်သည်။

လက်ရှိ နေရပ်ပြန်ပို့ခံရသူ မြန်မာလုပ်သားများထဲတွင် အမျိုးသား ၁၇၀ ဦးနှင့် အမျိုးသမီး ၄၀ ဦး စုစုပေါင်း ၂၁၀ ဦးဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly