မြို့နယ်အားလုံးကို ရဟတ်ယာဉ်ဖြင့်သွားရောက်ခဲ့သော ချင်းဝန်ကြီးချုပ်ကို ဝန်ထမ်းများဝေဖန်

မြို့နယ်အားလုံးကို ရဟတ်ယာဉ်ဖြင့်သွားရောက်ခဲ့သော ချင်းဝန်ကြီးချုပ်ကို ဝန်ထမ်းများဝေဖန်

နိုဝင်ဘာလ ၂၀ ရက်

ဟားခါး (မဇ္ဈိမ) ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဝုန်ဆွန်းထန်သည် ပြည်နယ်အတွင်း သုံးရက်တာလှည့်လည်သည့်ခရီးစဉ်အတွင်း ရဟတ်ယာဉ်သာအသုံးပြုခဲ့သည့်အပေါ် ဝန်ထမ်းများအကြား ဝေဖန်မှုများရှိနေသည်။

ဖလမ်း၊ပလက်ဝနှင့်မတူပီမြို့များကို နိုဝင်ဘာ ၁၆ ရက်နေ့မှ၁၈ရက်နေ့အထိ သွားရောက်ရာတွင် ဦးဝုန်ဆွန်းထန်သည် ရဟတ်ယာဉ်စီစဉ်ရန် စစ်ကောင်စီတပ်ထံတောင်းခံခဲ့သည်။

သို့သော် ဝန်ထမ်းများအပြောင်းအရွှေ့လုပ်ရာတွင်တော့ ကားလမ်းခရီးမှာလုံခြုံရေးအရ အသုံးမပြုနိုင်သောအခြေအနေတွင် ရဟတ်ယာဉ်စီစဉ်ပေးခြင်းမပြုသဖြင့် ဌာနဆိုင်ရာလုပ်ငန်းများမလည်ပတ်နိုင်ဘဲဖြစ်နေသည်ဟု ဝန်ထမ်းများက ပြောသည်။

''ချင်းပြည်နယ်မှာ နယ်မြေမအေးချမ်းလို့ ကားလမ်းကနေကွင်းဆင်းလို့မရဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့် သူအခုလိုရဟတ်ယာဉ်သုံးပြီးရောက်ပြန်ကွင်းဆင်းတော့ဘာထူးလဲ။တကယ်လိုအပ်နေတာက ကျွန်တော်တို့ဝန်ထမ်းတွေအပြောင်းအရွေ့တွေလုပ်မရဘူး၊ရဟတ်ယာဉ်မစီစဉ်ပေးနိုင်ဘူး၊ချင်းပြည်နယ်ကနေ ပြည်မဘက်ကိုပြောင်းမဲ့ဝန်ထမ်းတွေလည်းသောင်တင်နေတယ်။ ကလေးနှင့် ပခုက္ကူမှာလည်း ချင်းပြည်နယ်ကိုလာမဲ့ဝန်ထမ်းတွေရဟတ်ယာဉ်မရှိလို့မလာနိုင်တာတစ်ပုံကြီးပဲ ။ဌာနဆိုင်ရာလုပ်ငန်းတွေဘာမှမလည်ပတ်နိုင်ဘူးလေ။''ဟု အပြောင်းအရွေ့ကိုစောင့်ဆိုင်းနေသည့်ဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်သည်နိဝင်ဘာလ ၁၆ရက်နေ့တွင်ဖလမ်းဗျူဟာတွင်ညအိပ်ခြင်းဦ၊နိုဝင်ဘာလ၁၇ ရက်နေ့တွင် မတူပီဗျူဟာတွင်သာညအိပ်ပြီး ၁၈ရက်နေ့တွင်ဟားခါးသို့ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်

နိုဝင်ဘာလ ၉ရက်နေ့ရက်စွဲဖြင့် ''နယ်မြေကွင်းဆင်းဆောင်ရွက်လိုပါသဖြင့်ရဟတ်ယာဉ်စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန်ချင်းပြည်နယ်အစိုးရအဖွဲ့မှတင်ပြခြင်း''ဆိုသည့်လျှို့ဝှက်စာတစ်စောင်ပေါက်ကြားလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly