နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၀ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၀ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၂၀ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ကချင်ပြည်နယ်အတွက် လိုအပ်သည့်နေရာများကို ကူညီထောက်ပံ့သွားနိင်ရန်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် နှင့် မော်ဒယ်သရုပ်ဆောင် အိန်ဂျယ်လမုန် တို့ ဦးဆောင်သော Passion For Hope နဲ့ Spring Myanmar Society (SMS) အဖွဲ့ပူးပေါင်းပြီး နိုင်ငံတကာ OFP အသိအမှတ်ပြု အလှူခံအဖွဲ့အစည်းများကနေ အလှူငွေများကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေး ဖြိုခွဲဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းလာတာကြေင့် အချင်းချင်း စည်းလုံး ညီညွတ်ကြရန် ပညာရေး၊ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက နိုဝင်ဘာလ ၂၀ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့  အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ သတိပေးပြောဆိုသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းရာတွင် မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ အ သိုင်းအဝိုင်း၏ ထောက်ခံမှုက အရေးကြီးတယ်လို့ နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်ဒုတိယသမ္မတ Kamala Harris နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် တို့ တွေ့ဆုံစဉ်မှာ ထိုင်းဝန်ကြီးချုပ်ကိုအသိပေး ပြောဆို သည်။ 

  • သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရသူ အားလုံးကို ချက်ခြင်းပြန်လွှတ်ပေးရန်ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလန် ဟေဇာက ထပ်မံတောင်းဆိုလိုက်သည်။ 

  • မကွေးတိုင်းပွင့်ဖြူမြို့နယ်တွင်ရဲတပ်သားအသစ်တောင်းယူ၍မရသောကြောင့် ခိုးဆိုးနှိုက်နှင့် ရပ်ကွက်တွင်း​လေ့လွင့်​နေ​သောအရပ်သားများအား နေ့စားပေးကာယူနီဖောင်းဝတ်ဆင်​စေပြီးကင်းစောင့်ခိုင်း နေကြောင်း ပွင့်ဖြူဒေသခံအချို့က ပြောသည်။ 

  • မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ရှမ်းဆိုင်ထိုင် စားသောက်နေသော ပျူစောထီး ကျော်ဇင်ထက်(ခ) ကျော်ကြီး ပစ်ခတ်ခံရပြီး သေဆုံးကာ ၎င်းထံမှ လက်ထိပ်၊ ဓားနှင့်တုတ်များ သိမ်းဆည်းရမိကြောင်း မန္တလေးမြို့ပြ ပျောက် ကျား အဖွဲ့ STF-‌‌MDY ထံမှ သိရှိရသည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာနှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ လိပ်ရကုန်းကျေးရွာကို အကြမ်း ဖက်စစစ်ကောင်စီတပ်များက ယနေ့နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသခံများက 

  • တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် နိုဝင်ဘာ ၁၆ ရက်နေ့၊ ည နေ ၅ နာရီခွဲကျော်အချိန် ပျူစောထီး အဖွဲ့ဝင် ကိုဖြိုးကို ထားဝယ်မြို့နယ် ပြည် သူ့ ကာကွယ်ရေးဖွဲ့ DDT တပ်ဖွဲ့က သေနတ်ဖြင့် ၅ ချက် ပစ်ခတ် ရှင်းလင်းခဲ့ ကြောင်း သိရှိရသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျေးရွာစျေးတစ်ခုတွင် တော် လှန်ရေး လူငယ် များပူးပေါင်း၍ နိုဝင်ဘာ(၂၀)ရက်နေ့နံနက်ပိုင်း စစ်အာဏာရှင် ဆန့် ကျင် ရေးနှင့် ဒီမိုကရေစီ လှုပ်ရှားမှု၏ စည်းရုံးရေး လက်ကမ်း စာစောင် များဖြန့်ဝေကာဟောပြော ဆန္ဒပြကြသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်နှင့်လောင်းလုံး မြို့နယ်တို့တွင် ဒေသခံ ပြည်သူ ၇ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးမြို့နယ် နှင့် ထားဝယ်မြို့နယ်တို့တွင် ငါးရက် အတွင်း ဒေသခံ ၁၉ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။ 

  • အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် မသောက်မိသော မိုးခါးရေ ဇာတ်ကား ဆက်လက် ပြသနေပြီး ရုံပြည့်ရုံလျှံ အားပေး လျက်ရှိကြောင်း သိရသည်။ 

  • ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သာသနာ့ဗိမာန်တွင် စခန်းချထားသော စစ် တပ် နှင့် အင်းစိန်မြို့နယ်၊ ကျောက်တော်ကြီး ဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်ဂိတ်များကို မြို့ပြပျောက်ကျားတပ်ဖွဲ့များက တိုက်ခိုက်ကြောင်း အဆိုပါ အဖွဲ့များက ပြောသည်။ 

  • မြိုင်မြို့နယ်တွင် ဒေသခံပြည်သူများက ပခုက္ကူခရိုင်တပ်ရင်း - ၆ (MVRF) တပ်ခွဲ(၁) ထံသို့ မြေပဲများ၊ ဆီများ စသည့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်မြို့နယ်တွင် မြသွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် နိုဝင်ဘာ ၂၀ ရက် ယနေ့တွင် ၆၁၉ ရက်မြောက် အဖြစ် ကျေးရွာတွင်း စုပေါင်း ဆန္ဒပြပွဲ အပြင် ပုသိမ် မုံရွာ လမ်းမထက်တွင်ပင် ချီတက်ဆန္ဒပြကြသည်။ 

  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို စစ်တပ်က တပ်ပိုင် မြေ ကျူးကျော်သည်ဟု ဆိုကာ ဖျက် သိမ်းခိုင်းနေသည့် ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးတွင် ဘုန်းကြီးကျောင်း ၆၀ ခန့် ပါဝင်နေပြီး နိုဝင်ဘာလ ၂၂ ရက် နေ့ အပြီးဖျက်သိမ်းရန် စစ်တပ်က ထပ်မံ ခြိမ်းခြောက်လာကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။ 

  • အကြမ်းဖက်စစ်တပ်၏ ထိုးစစ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကရင်နီပြည်သူများ၏ စစ်ဘေးရှောင် စခန်းများတွင် သောက်သုံး ရေ ခက်ခဲမှု များရှိနေပြီး အလှူရှင်တစ်ဦးက သောက်သုံးရေများ လှူဒါန်းချိန် တန်းစီ လက်ခံနေကြရသည့်မြင်ကွင်းများဖြစ်သည်။ 

  • ကနေဒါနိုင်ငံ၊အွန်တာရီယိုပြည်နယ် ၊တိုရန်တိုမြို့တွင်ပြုလုပ်သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြပွဲကို မြန်မာပြည်ဖွားများနှင့်အတူ အလှမယ်ဟန်လေးလည်း ပူးပေါင်းပါဝင်သည်ဟု သိရသည်။ 

  • ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ၉ တန်းအရွယ် ကျောင်းသား တစ်ဦးကို နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် NUG ကျောင်းတက်သည်ဟုဆိုကာ  စစ်ကောင်စီတပ်နှင့်ရဲများမှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများထံကသိရသည်။ 

     

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နိုဝင်ဘာ ၁၈ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးကာ ၁၅ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း AAက ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ သီးဘွာလ် တပ်စခန်းကို နိုဝင်ဘာ ၁၅ရက်က စပြီး စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ရာ တိုက်ပွဲ ၅ရက်တာကာလအတွင်း ဒရုန်းဖြင့် အကြိမ် ၃၀၀ ကျော် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် အနည်းဆုံး ၃၀ ကျော်သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်တပ်ဘက်က တိုက်လေယာဥ်များဖြင့် ၅ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

  • ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းများကို KNLA တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်း စဥ် ထံမှ သိရသည်။ 

     

စစ်ကောင်စီ 

  • ရုရှားနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးအပါအဝင် ဘာသာရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှား သူ ၄၁ ဦးကို စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် လူမှုထူးချွန်၊ စီမံထူးချွန်ဘွဲ့များကို နိုဝင်ဘာ ၁၉ ရက်တွင် စစ်ကောင်စီမှ ပေးအပ်ခဲ့သည်။ 

  • မြန်မာမှာ နျူကလီးယားပညာကို ငြိမ်းချမ်းသည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေးကို ပြည်သူလူထုယုံ ကြည်စိတ်ချလက်ခံနားလည် သဘောပေါက်စေရန်ဆိုပြီး ရန်ကုန်မြို့မှာ Nuclear Technology Information Center ဖွင့်လှစ်ရန် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM နှင့်ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြသည်။ 

  • ပြီးခဲ့တဲ့၂နှစ်အတွင်း ကျင်းပမှုရပ်နားခဲ့တဲ့ နှစ်စဉ်ကျင်းပနေကြ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ပန်းမန်ပြပွဲ ပြိုင်ပွဲကို လာမယ့်၂၀၂၃ခုနှစ်မှာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ပြန်လည် ကျင်း ပသွားတော့မှာဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကနေသိရသည်။ 

  •  DKBA ဥက္ကဌ နှင့် စစ်ဦးချုပ်တို့ နှင့် မဘသအစွန်းရောက် သင်္ဃန်းဝတ် ဝီရသူအပါအဝင် ၂၉ ဦးကို သီရိပျံချီဘွဲ့ ပေးအပ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်သည်။ 

  • ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊သရက်ပင်ချောင်ရှိ မြေဧက ၁၈၇ ဒသမ ၃ ဧက ပေါ်တွင် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံဖော်ဆောင်တည်ဆောက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) က လုပ်ဆောင်နေကြောင်း သိရသည်။ 

  • စစ်ကောင်စီ လက်ထက် ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ(ယာယီ) ပို့ကုန်ကုန်သွယ်မှု ပို့ငွေ ဝ ဒသမ ၀၆၅ ဘီလီယံရှိခဲ့သောကြောင့် လစုစုပေါင်း ကုန်သွယ်မှုပိုငွေ ၁ ဒသမ ၀၈ ဘီလီယံ ရှိခဲ့ရာ ယင်းမှာ ခေတ်အဆက် ဆက် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ရာမှ ကုန်သွယ်မှု ပို့ငွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်းကပြောသည်။ 

 

နိုဝင်ဘာ ၂၀ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီမှ နျူကလီးယားပညာအဆင့်ကနေ လက်နက်ထုတ်လုပ်နိုင်သည့်အထိ ဖြစ်လာအောင် တဆင့်ပြီး တဆင့် ကြိုးပမ်းနေသည်ကိုတွေ့ရသည့်အတွက် ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်နိုင်သည့် အဆင့်မရောက်မှီ နိုင်ငံတကာမှ တားဆီးရမည်ဖြစ်သည်။ 

  • စစ်ကောင်စီတပ်များ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးမှုများကြောင့် မကွေးနှင့် စစ်ကိုင်း တိုင်းတွင် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေတိုးလာနေပြီး အရေးပေါ်အစား အသောက်များ လိုအပ် နေသည်ကိုတွေ့ရသည်။ 

  • ရခိုင်နှင့်ကရင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲတိုင်းတွင် စစ်ကောင်စီတပ်များ အသေများနေပြီး စခန်းတချို့လည်း သိမ်းဆည်းခံရမှုများလည်း ရှိနေသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly