အာဖဂန်နစ္စတန်အရေး အိန္ဒိယ၊ ရုရှား နှင့် အီရန် တို့ ၃ နိုင်ငံ ဆွေးနွေးပွဲပြုလုပ်

အာဖဂန်နစ္စတန်အရေး အိန္ဒိယ၊ ရုရှား နှင့် အီရန် တို့ ၃ နိုင်ငံ ဆွေးနွေးပွဲပြုလုပ်

အာဖဂန်နစ္စတန်အရေး မော်စကို ပုံစံ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၏ ၄ ကြိမ်မြောက် အစည်းအဝေးကို ရုရှားနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၆ ရက်က ကျင်းပသည်။ ထို အစည်းအဝေးတွင် အာဖဂန်နစ္စတန်၌ တည်ငြိမ်မှု ရရှိရေး ညှိနှိုင်းဆွေးနွေးမှုများအတွင်း အိန္ဒိယက အဓိက အခန်းကဏ္ဍမှ ပါဝင်ဖွယ် ရှိသည်။

အိန္ဒိယ၊ ရုရှားနှင့် အီရန်တို့သည် မော်စကို ပုံစံ ဆွေးနွေးမှု၏ ပြင်ပတွင် အာဖဂန်နစ္စတန်အရေး အာရုံစိုက်ပြီး ၃ နိုင်ငံ တွေ့ဆုံမှု ပြုလုပ်သည်က စိတ်ဝင်စားစရာ ကောင်းနေသည်။ အဆိုပါ ၃ နိုင်ငံသည် တာလီဘန် အုပ်ချုပ်သော အာဖဂန်နစ္စတန်နှင့်ပတ်သက်ပြီး တူညီသော စိုးရိမ်ပူပန်မှုများ ရှိနေသည်။

မော်စကို ပုံစံ ဆွေးနွေးညှိနှိုင်းမှုများ၏ အဓိက ရည်ရွယ်ချက်က အာဖဂန်နစ္စတန်၌ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရန် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ပံ့ပိုးဆောင်ရွက်ရန် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် ဆွေးနွေးမှုများတွင် တာလီဘန် ကိုယ်စားလှယ်အဖွဲ့ မပါဝင်ပေ။

ရုရှားအစိုးရသည် တာလီဘန်တို့၏ လက်ရှိ ရပ်တည်မှုကိုရော၊ ပါကစ္စတန်၏ အခန်းကဏ္ဍကိုပါ ကျေနပ်အားရမှု ရှိမနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်လမ်းစဉ်နဲ့အတူ တာလီဘန်တွေနဲ့ လက်တွဲ လုပ်ဆောင်နေပါတယ်။ ဒီ ဦးတည်ရာလမ်းကြောင်းမှာ မိတ်ဆွေ အိန္ဒိယကလည်း လိုအပ်တဲ့ လုပ်ဆောင်ချက်ကို လုပ်နေပါတယ်” ဟု ပြီးခဲ့သည့် သီတင်းပတ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနှင့် မော်စကိုတွင် တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required