ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ရန် ဒေသန္တရကောင်စီဝင်များ စီစဉ်

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ရန် ဒေသန္တရကောင်စီဝင်များ စီစဉ်

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်ရှိ ဒေသန္တရကောင်စီများ၏ ကောင်စီဝင်များသည် နိုဝင်ဘာ ၁၅ ရက်မှ စပြီး နိုဝင်ဘာ ၂၃ ရက်အထိ ပြည်နယ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ လုပ်ဆောင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပြည်နယ်အစိုးရဘက်က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ထုတ်ပေးရန် ငြင်းဆန်နေခြင်းနှင့် အာဏာကို ဆက်လက်ဖက်တွယ်ထားခြင်းတို့ကြောင့် ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ကောင်စီဝင်များက ပြောသည်။

ကောင်တီ (မြို့) ၊ ရွာ ၊ ရပ်ကွက် ကောင်စီများမှ ရွေးကောက်ခံအဖွဲ့ဝင်များသည် သက်ဆိုင်ရာ လက်ထောက် ကော်မရှင်နာများ၊ ဒုတိယ ကော်မရှင်နာများနှင့် ကော်မရှင်နာများ၏ ရုံးများအပြင်ဘက်တွင် ဆန္ဒပြသွားကြမည် ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဒေသန္တရကောင်စီဝင်များသည် နိုဝင်ဘာ ၂၄ ရက်တွင် ပြည်နယ်လွှတ်တော် အဆောက်အအုံ အပြင်ဘက်၌ ထိုင်သပိတ်တစ်ရပ် စတင်လုပ်ဆောင်သွားပြီ ဖြစ်ပြီး တောင်းဆိုချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူတို့ဘက်မှ မလိုက်လျောမချင်း နေရာမှ ဖယ်မပေးဘဲ ဆက်လက်ဆန္ဒပြရန် စီစဉ်ထားသည်။

ပြည်နယ်၏ မြို့တော် ပက်ရှာဝါ၏ မြို့တော်ဝန် ဇူဘဲရာ အလီ ဦးဆောင်ပြီး နိုဝင်ဘာ ၁၄ ရက်က မြို့ကောင်စီ အဆောက်အအုံ၌ ပြုလုပ်သည့် အစည်းအဝေးတစ်ခုအတွင်း ဆန္ဒပြမှုများ လုပ်ဆောင်မည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ဒေသန္တရအစိုးရများ၏ မြို့တော်ဝန်များအပြင် မြို့၊ ရွာ၊ ရပ်ကွက် ကောင်စီများ၏ ဥက္ကဋ္ဌများ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required