တိုရန်တိုမြို့က မြန်မာ့အရေးအတွက် စစ်ကောင်စီဆန့်ကျင်ဆန္ဒပြပွဲတွင် အလှမယ်ဟန်လေးပါဝင်

တိုရန်တိုမြို့က မြန်မာ့အရေးအတွက် စစ်ကောင်စီဆန့်ကျင်ဆန္ဒပြပွဲတွင် အလှမယ်ဟန်လေးပါဝင်

နိုဝင်ဘာလ ၂၀ ရက်

ကနေဒါနိုင်ငံ၊အွန်တာရီယိုပြည်နယ် ၊တိုရန်တိုမြို့တွင်ပြုလုပ်သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြပွဲကို မြန်မာပြည်ဖွားများနှင့်အတူ အလှမယ်ဟန်လေးလည်း ပူးပေါင်းပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြပွဲကို ကနေဒါစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် စတင်ပြီး တိုရန်တိုမြို့တော်ခန်းမ အရှေ့တွင် ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားများက စုရုံးဆန္ဒပြထုတ်ဖော်မှုများ ပြုလုပ်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြထုတ်ဖော်မှုတွင် “ Free Burma ၊ save Burma ၊ We accept NUG ၊ အရေးတော်ပုံအောင်ရမည် “ စသည့်တို့ ကြွေးကြော်ခဲ့ကြပြီး ၊ Stop Offensive in Kachinland ၊ Stop Innocent People ၊ Stop Airstrikes စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

အလှမယ်ဟန်လေး၏ လူမူကွန်ရက်စာမျက်နှာတွင် “ မြန်မာအရေးနှင့်ပတ်သက်ပြီး စစ်ရာဇာဝတ်မှုများ ကျူးလွန်နေသော အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပွဲကို လာရောက်ကြဖို့ ဖိတ်ခေါ်ကြောင်း “ ရေးသားထားသည်။

ကနေဒါနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူများက စစ်လေယာဉ်များဖြင့်ပြည်သူများ၏ ရပ်ကွက်၊ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်းများ ၊ ပြည်သူများ၏ အိုးအိမ် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းများ၊ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခြင်းများ ၊ ညှဥ်းပန်းနှိပ်စက်ခြင်းများအတွက် ဆန္ဒပြပွဲ ပြလုပ်ရခြင်းဖြစ်ကြောင်း ရည်ညွှန်းပြောဆိုထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly