အမှားပြင်ဆင်ချက်။ ။ စစ်ကောင်စီမှ ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ရာတွင် ဖမ်းဆီးခံထားရသည့် NLD လက်ထက် ပြန်ကြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးတို့လည်းပါဝင် သတင်း

အမှားပြင်ဆင်ချက်။ ။ စစ်ကောင်စီမှ ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ရာတွင် ဖမ်းဆီးခံထားရသည့် NLD လက်ထက် ပြန်ကြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးတို့လည်းပါဝင် သတင်း

နိုဝင်ဘာလ ၁၉ ရက်

နိုဝင်ဘာ ၁၇ ရက်က ထုတ်သည့် မဇ္ဈိမက ပေးပို့သောသတင်းတွင် ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းကို ဖမ်းဆီးခံထားရသူဟု ဖော်ပြချက်သည် တိကျမှုမရှိဘဲ ဖြစ်ခဲ့ရသည်။

ဦးအောင်လှထွန်းမှာ အစောပိုင်းကာလက နေပြည်တော်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော်လည်း သတင်းပေးပို့ခြင်းမတိုင်မီ လပေါင်းများစွာကပင် နေအိမ်သို့ပြန်လည်ရောက်ရှိနေခဲ့ကြောင်း လွတ်မြောက်ပြီးမှ ကာယကံရှင်နှင့် တွေ့ဆုံခဲ့ရဖူးသူ အမည်မဖော်လိုသူ တစ်ဦးအပြောအရ သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နောက်ထပ်သိရှိရသည်မှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို စစ်ကောင်စီက ယမန်နေ့တွင် နေပြည်တော်မှသည် ရန်ကုန်ကိုပြန်ခွင့်ပြုခဲ့သည်ဟု ပေါ်ပြူလာသတင်းဌာန၏ သတင်းပေးပို့ချက်တွင် ပါရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly